မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး ကျင်းပ


မန္တလေး၊ ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၅)အစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်စွမ်းအား မြှင့်တင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံရင်းနှီးမြှုပ်နှံမှုများသည် အရေးကြီးသည့်အခန်းကဏ္ဍဖြစ်ပါကြောင်း၊ ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရင်းနှီးမြှုပ်နှံလာနိုင်ရေးကို အားပေးဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍများကို မြှင့်တင်ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း၊ ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးချဲ့ခြင်း၊ လုပ်ငန်းများနှင့် ဆက်စပ်ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံး တိုးချဲ့ဆောင်ရွက်သွားရေးတို့ကို ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နေပြည်တော်တပေါင်းကွင်း၌ ကျင်းပမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု MSME ထုတ်ကုန်များအပြင် ဒေသတစ်ခုထွက်ကုန်တစ်ခုအနေဖြင့်လည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြလျှောက်ထားလာသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ကြုံတွေ့နေရသည့် အခြေအနေများ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာမင်းဇော်ဦးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသောက်ကုန်ထုတ်ကုန်နမူနာများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


#MNP #News #Mandalay

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)