မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုနှင့် ဝင်းဆောက်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း၍ အဆင့်မြင့်လူနေတိုက်ခန်းနှင့်ဆိုင်ခန်းများဆောက်လုပ်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုနှင့် ဝင်းဆောက်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း၍ အဆင့်မြင့်လူနေတိုက်ခန်းနှင့်ဆိုင်ခန်းများဆောက်လုပ်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


မော်လမြိုင်၊ ဇန်နဝါရီလ ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုနှင့် ဝင်းဆောက်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်း၍ အဆင့်မြင့်လူနေတိုက်ခန်းနှင့် ဆိုင်ခန်းများဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်သည် အသင်းမှတာဝန်ရှိသူများနှင့် မွန်ပြည်နယ်သမဝါယမဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့နယ်၊ ရွှေဝါလမ်းနှင့် ဒိုင်းဝန်းကွင်းလမ်းထောင့်ရှိ မော်လမြိုင်မြို့နယ်သမဝါယမ အသင်းစုပိုင်မြေနေရာတွင် အဆင့်မြင့်လူနေတိုက်ခန်းနှင့် ဆိုင်ခန်းများပါရှိသည့် (၃)ခန်းတွဲ(၅)ထပ်ခွဲ အဆောက်အဦ(၁)လုံးနှင့် (၂)ခန်းတွဲ(၅)ထပ်အဆောက်အဦ (၁)လုံးကိုလည်းကောင်း၊ ရွှေလမ်းနှင့် ကျောက်မီးသွေးရုံလမ်းထောင့်တွင် (၁)ခန်းတွဲ(၈)ထပ်ခွဲအဆောက်အဦ(၁)လုံးနှင့် (၂)ခန်းတွဲ(၅)ထပ် အဆောက်အဦ(၂)လုံး ဆောက်လုပ်မည့် အစီအစဉ်အား အသင်းမှတာဝန်ရှိသူများ၏ တင်ပြခဲ့ခြင်းအပေါ် ဝန်ကြီးမှဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း သမဝါယမကဏ္ဍမှ မော်လမြိုင်မြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး ခေတ်မီလှပသည့် အဆောက်အဦများပေါ်ပေါက်အောင် ဆောင်ရွက်နှိပ်ခြင်းဖြင့် အဆိုပါတိုက်ခန်းနှင့်ဆိုင်ခန်းများကို ဝယ်ယူမည့် သမဝါယမအသင်းသားများနှင့် ဒေသခံပြည်သူများအတွက် လူနေမှုအဆင့်အတန်းမြင့်မြင့် နေထိုင်နိုင်ရေး အထောက်အကူဖြစ်စေရန် ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။


ခင်စန်းမြင့်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)