ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပေါင်းစပ်ဖြည့်ဆည်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပေါင်းစပ်ဖြည့်ဆည်းပေး


နေပြည်တော်၊ ဇန်နဝါရီ ၁၅ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် လဟယ်၊ နန်းယွန်း၊ လေရှီးမြို့နယ် သုံးမြို့နယ်ပါဝင် ပြီး သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၅၆ ဒသမ ၀၁ ရာခိုင်နှုန်းရှိကြောင်း၊ သဘာဝသစ်တောများ ထိန်းသိမ်း ရေး၊ သစ်တောပြုန်းတီးမှုကာကွယ်ရေးနှင့် ရွှေ့ပြောင်း တောင်ယာများ လျော့နည်းပပျောက်စေရေးအတွက် ဒေသခံပြည်သူများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပွင့်လင်းရာသီတွင် တောမီးလောင်မှုနှင့် မီးခိုးမြူငွေ့ ဖြစ်ပွားမှု ပပျောက်စေရေးအတွက် ဆက်စပ်ဌာနများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်လေထုအရည် အသွေးနှင့် ရေအရည်အသွေးများကို ပုံမှန်တိုင်းတာ ထုတ်ပြန်ပေးသွားရန်လိုကြောင်း၊ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ထုတ်ယူသယ်ဆောင်မှုမရှိ စေရေး တားဆီးသွားရန်နှင့် သစ်တောများ၏ ဂေဟ စနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ဝန်ထမ်း များအနေဖြင့် မိမိတာဝန်ကျရာဒေသတွင် ဝန်ထမ်း ကောင်းပီသစွာဖြင့် တိုင်းပြည်အကျိုးကို တိုးတက် အောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)