ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၁၅

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၃) အကောင်အထည်ဖော်မှု ကြီးကြပ် ရေး ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၌ ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဒေါက်တာလင်းအောင်၊ ကော်မတီအတွင်းရေးမှူး၊ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၃) အကောင် အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ ဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရှေ့နေရှေ့ရပ် နှင့် စစ်ဆေးရေးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံ ဘဏ်များအသင်း၊ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာနိုင်ငံ စာရင်းကောင်စီ၊ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၊ သတင်းပို့ အဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈)၌ အမျိုးသားအဆင့် မဟာဗျူဟာ၏ ရည်မှန်းချက်များပြည့်မီစေရန် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မဟာ ဗျူဟာ (၅)ရပ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး မဟာဗျူဟာနယ်ပယ်(၃) အနေဖြင့် ဘဏ်နှင့်ငွေရေးကြေး ရေးအဖွဲ့အစည်းများ၊ ငွေရေးကြေး ရေးမဟုတ်သော စီးပွားရေးလုပ်ငန်း များနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များ ပိုမိုထိရောက်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း၊ သတင်းပို့အဖွဲ့ အစည်းများအနေဖြင့် မဟာဗျူဟာ ပါ အကောင်အထည်ဖော်ဆောင် ရွက်ရမည့်အချက်များကို သတ်မှတ် အချိန်ကာလအတွင်း ပြီးမြောက် စေရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို လိုက်နာဆောင် ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တည်ဆဲဥပဒေများကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဘဏ်လုပ်ငန်း စည်းမျဉ်းနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မိုးမိုး ကြည်က မဟာဗျူဟာနယ်ပယ်(၃) သတင်းပို့ အဖွဲ့အစည်းများ အကောင်အထည်ဖော် ဆောင်ရွက် ရမည့် မဟာဗျူဟာအစီအစဉ်များ ကို လည်းကောင်း၊ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်စိုး က ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာ(၂၀၂၄-၂၀၂၈) နှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက် ရောက်လာသူများက ဌာန၊ အဖွဲ့ အစည်းအလိုက်အကောင်အထည် ဖော်ဆောင်ရွက်မှုအခြေအနေများ ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)