မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံတော်ပြည့် ရွှေသင်္ကန်းနှင့်ရွှေစင်၊ ရွှေပြားကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ်ပူဇော်ခြင်း ဘက်စုံမွမ်းမံခြင်းများအတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံတော်ပြည့် ရွှေသင်္ကန်းနှင့်ရွှေစင်၊ ရွှေပြားကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ်ပူဇော်ခြင်း ဘက်စုံမွမ်းမံခြင်းများအတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်




မော်လမြိုင်၊ ဇန်နဝါရီ ၁၃

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းနှင့် ရွှေစင်၊ ရွှေပြားကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ်ပူဇော်ခြင်း ဘက်စုံမွမ်းမံခြင်းလုပ်ငန်းများအတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျိုက်သုတ်စေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အလှူရှင်များ တက်ရောက်သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုက်သုတ် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့သည်။


ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိမလထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။


ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံခြင်းလုပ်ငန်းများအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အလှူငွေများ ပေးအပ်လှူဒါန်းရာ ကျိုက်သုတ်စေတီတော် ဂေါ်ပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


ဆက်လက်၍ တက်ရောက်လာသော အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အလှူငွေများလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ ရွှေတောင် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိမလထံမှ အနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားကို“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းရုပ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ကျိုက်သုတ်စေတီတော်မြတ်ကြီး အား လုံတော်ပြည့်ရွှေသင်္ကန်းနှင့်ရွှေစင်၊ ရွှေပြားကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် အသစ်ပူဇော်ခြင်း ဘက်စုံမွမ်းမံခြင်းလုပ်ငန်းများအတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲတွင် အလှူရှင်များမှ ကျပ်သိန်း (၂၇၈၁) သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)