ဒေးဒရဲမြို့ မင်္ဂလာကံကျောင်းတိုက်ရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်နှင့်စာရေးကိရိယာများ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြို့ မင်္ဂလာကံကျောင်းတိုက်ရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်နှင့်စာရေးကိရိယာများ ပေးအပ်လှူဒါန်း




ဒေးဒရဲ၊ ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးစေရေး၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီက အမှတ်(၂)ရပ်ကွက်ရှိ မင်္ဂလာကံကျောင်းတိုက်ရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်နှင့် စာရေးကရိယာများ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းခြင်းကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက  မင်္ဂလာကံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တတေဇဓမ္မထံသို့  အလှူငွေနှင့် ဆွမ်းဆန်အိတ်များ လှူဒါန်းခြင်းနှင့် ၎င်းကျောင်းတိုက်ရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းမှုသင်တန်းများ အခမဲ့ဖွင့်လှစ်ပေးခြင်း၊ သက်ကြီးဘိုးဘွားများ၊ မိခင်နှင့်ကလေးများ အာဟာရဖွံဖြိုးတိုးတက်စေရေး အလှူငွေ၊ ဆေးဝါးနှင့် အာဟာရပစ္စည်းများ ပေးအပ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။


အေဇာလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)