ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (စတုတ္ထအကြိမ်) အသံမစဲ မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ငါးရက်တိုင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (စတုတ္ထအကြိမ်) အသံမစဲ မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ငါးရက်တိုင်ကျင်းပ




ပြည်၊ ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (စတုတ္ထအကြိမ်) အသံမစဲ မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်တိုင်တိုင်ကျင်းပလျက်ရှိရာ အဆိုပါမဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်ရှိ ပုညကရဏလေးထပ်ဓမ္မာရုံတော် (သုံးထပ်ဆောင်) ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဩဝါဒါစရိယဆရာကြီးများအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝေယျာဝစ္စအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြပြီး ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်မှ စာချနာယကဆရာတော် အရှင်ကဝိန္ဒက ရောင်ခြည်တော်ဖွင့်ဂါထာတော်နှင့် ဒေဝါနိမန္တနဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က ပြည်မြို့၊ ရွာဘဲတောင်ပေါ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက၊ ပြည်ရွှေဆံတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တကုမာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဩဝါဒါ စရိယဆရာတော်ကြီးများထံ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယင်းဆေးပဋ္ဌာန်းပွဲ ဆေးပစ္စည်းများအတွက် အလှူတော်ငွေကျပ် သိန်း (၃၀) ကို ဂေါပကအဖွဲ့ထံ ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများက ဩဝါဒါစရိယဆရာတော်ကြီး (၁၀) ပါးထံ လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်မှ မဟာဂန္တဝါစက ဘဒ္ဒန္တပညာသီရိနှင့် သံဃာတော်အရှင်သူမြတ်များက မဟာဆေးပဋ္ဌာန်းကျမ်းမြတ်တော်ရွတ်ဆိုမှုစတင်ကာ အလှည့်ကျ ပဋ္ဌာနဘာဏက ဆရာတော်များက အဆိုပါမဟာဆေးပဋ္ဌာန်းကျမ်းမြတ်တော်ရွတ်ဆို ငါးရက်တိုင် အသံမစဲ ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်းနှင့် ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအတွက် ရပ်ဝေးရပ်နီးမှ စေတနာရှင်၊ အလှူရှင်များလှူဒါန်းသည့် ဆေးပစ္စည်းများနှင့် ဒါတဗ္ဗဝတ္တုပစ္စည်းအစုစုတို့ကို ပြည်မြို့နယ်ရှိ စာသင်တိုက်များနှင့် သီလရှင်ကျောင်းများသို့ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။


ကိုဆက်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)