တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်





နေပြည်တော်၊ ဇန်နဝါရီလ ၂၄

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်  အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယ‌နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းသို့ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက သောင်းသောင်း ဖျဖျကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ်၊ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)ပုလဲကျွန်း၌အခြေပြု၍ ပုလဲကျွန်းနှင့် အနီးဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၃၂၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် ပေးသည်။

ထိုသို့   ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၇ ဦး၊ ခွဲစိတ်ရောဂါ ၂၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၂ ဦး၊ ကလေးရောဂါ ၂၀ ဦး၊ အရိုးရောဂါ ၅၅ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၁၀ ဦး၊ မျက်စိရောဂါ ၅၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက်    အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ   ၄၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၀ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ  ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၂ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံ အမျိုးသားတစ်ဦး က "အရင်က ကျွန်တော် မြိတ်မြို့မှာပြပါတယ်။ ခုမြိတ်ထိသွားစရာမလိုပဲ ပုလဲ ကျွန်းမှာ ပြရပါတယ်။ ရောဂါက မျက်စိတို့ သွေးတိုးတို့အဖြစ်များပါတယ်။ မျက်စိက ပိုတော့ ကောင်းလာတယ် ။ ကျေးဇူးတင်ပါတယ်။ ဆေးလဲပေးပါတယ်။  ဆရာဝန် ကတော့ မျက်စိကို ခွဲစိတ်ပါမယ်တဲ့ နောက်မှ အေးဆေးခွဲစိတ်ပါမယ်တဲ့ ဆေးတော့ ပေးလိုက်ပါတယ်။" ဟု ပြောသည်။

ဆီးချို၊ သွေးတိုး လာပြသည့် အမျိုးသမီး က "ဆီးချို သွေးချိုတို့လာပြပါတယ်။ မြို့ကြီးပြကြီး မသွားရတော့ဘူးပေါ့။ ခရီး ဝေးဝေးမသွားရတော့ဘူးပေါ့။ နောက်ဆုံး မြို့သွားနေရရင် ပိုက်ဆံတွေ အများ ကုန်မယ်လေ။ ဒီမှာဆိုတော့ ဘာမှ ကုန်ကျစရိတ်မရှိဘူးပေါ့။ အဲလိုသံလွင် သင်္ဘောမှာပဲ နယ်လှည့်ပြီးတော့ အဲလိုမျိုးမှာ ကုဘူးပါတယ်။ ခါးတွေဘာတွေနာလို့၊ သွားတွေဘာတွေ ကိုက်လို့ပြဘူးပါတယ်။ မြို့တွေမသွားရပဲ ဒီမှာ တစ်ခါတည်း ပြရတော့ အဆင်ပြေတာပေါ့ ။ အကုန်လုံးကတော့ စေတနာဖြူစင်စွာနဲ့ ကုသပေးပါ တယ်။ ကောင်းပါတယ် အားလုံး။ ခုလိုဆေးကုသပေးတဲ့ အဖွဲ့လာကုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" ဟု ပြောသည်။


#MNP #News #Health

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)