Pages

Pages

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၁၅

ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ၁၃-၁-၂၀၂၅ ရက်နေ့က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ဥပဒေပင်မအရင်းအမြစ်များနှင့် ဥပဒေ အခြေခံအကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ပြင်ဆင်ဥပဒေမူကြမ်းရေးဆွဲ ခြင်း၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ပေါင်းစပ်ဆောင်ရွက်ရသည့် အထူးဥပဒေများ၊ အပြည်ပြည်ဆိုင်ရာဥပဒေစသဖြင့် ဘာသာရပ် ၁၉ ခုကို သင်ကြားပို့ချမည်ဖြစ်ကြောင်း၊ ဥပဒေပညာရပ်များအား သင်ယူခွင့်ရရှိချိန်တွင် သတ်မှတ်ထားသည့် သင်တန်းစည်းကမ်းများအတိုင်း မိမိအတွက်၊ ဌာနအတွက် အကျိုးရှိအောင် သင်ယူလေ့လာကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်းကို ဇန်နဝါရီ ၁၃ ရက်မှ ၂၄ ရက်အထိ ရက်သတ္တ နှစ်ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂၆ ဦး တက်ရောက်ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment