Pages

Pages

ဂါဇာ အပစ်ရပ်ရေးက နီးစပ်နေပြီလို့ မီဒီယာတွေ ဖော်ပြ


ဇန်နဝါရီ - ၁၅ ( ဗုဒ္ဓဟူးနေ့ ) 

အစ္စရေးနှင့် ဟားမတ်စ်တို့ရဲ့ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံများ ပြန်လွှတ်ပေးရေး သဘောတူညီချက်တစ်ရပ် နီးကပ်လာပြီလို့ မီဒီယာတွေမှာ ရေးသားဖော်ပြမှု ရှိနေပါတယ်။ 

အမေရိကန်၊ အစ္စရေးနှင့် အာရပ်အရာရှိများ၏အဆိုများကို ကိုးကားပြီး မကြာသေးမီကပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲများတွေမှာ အောင်မြင်မှုများ ရရှိထားပါတယ်။ 

အဆိုပါ သဘောတူညီချက်များက ၁၅ လကြာ ဆိုးရွားသော ပဋိပက္ခကို အဆုံးသတ်နိုင်မယ်လို့  မျှော်လင့်ထားကြောင်း မီဒီယာအချို့က ဖော်ပြခဲ့ပါတယ်။

ကြားဝင်ဖျန်ဖြေသူများက နှစ်ဖက်စလုံး၏ တုံ့ပြန်မှုကို စောင့်မျှော်နေဆဲဖြစ်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက RT သို့ ပြောကြားခဲ့ပါတယ်။ သဘောတူညီချက် ကောင်အထည်ဖော်မှုကို သီတင်းပတ်ကုန်တွင် စတင်နိုင်မည်ဖြစ်ပြီး ပါဝင်တဲ့ အဖွဲ့အစည်းအားလုံးက အောင်မြင်မှုရရှိစေရန်အတွက် လူထုထုတ်ပြန်ချက်များကို စတင်ရေးဆွဲနေပြီလို့ CBS သတင်းဌာနက အင်္ဂါနေ့တွင် ရေးသားခဲ့ပါတယ်။

အဆိုပါ မူဘောင်တွင် ၄၂ ရက်ကြာ အပစ်အခတ်ရပ်စဲရေး၊ ဟားမတ်စ်မှ ဖမ်းဆီးထားသည့် ဓားစာခံ ၃၃ ဦးကို ပြန်လွှတ်ပေးရေး၊  အစ္စရေးမှ ပါလက်စတိုင်း အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေးတို့ ပါဝင်ကြောင်း CBS သတင်းက တနင်္လာနေ့တွင် ဖော်ပြခဲ့ပါတယ်။

အကယ်၍များမကြာမီ သဘောတူညီချက်ကို အစ္စရေးအစိုးရမှ ထောက်ခံပေးမည်ဆိုပါက လုပ်ငန်းစဉ်သည် ရက်ပိုင်းအတွင်း စတင်နိုင်မည်ဖြစ်ကြောင်း၊ အမေရိကန် သမ္မတ Joe Bidenဂျိုးဘိုင်ဒန် ၏ ကာလရှည်ကြာ ကြိုးပမ်းခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အောင်မြင်မှုလို့ အမှတ်အသားပြုနိုင်ကြောင်း၊ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအကောင်အထည်ဖော်မှုကို ကြီးကြပ်ရန် မျှော်လင့်ထားကြောင်း ဖော်ပြပါရှိပါတယ်။ 

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆယ်လီဗန် က တနင်္လာနေ့ အရေးပေါ်အစည်းအဝေးမှာ "ကျွန်ုပ်တို့သည် သဘောတူညီချက်တစ်ခုရရှိရန် နီးကပ်နေပြီဖြစ်ပြီး ယခုသီတင်းပတ်တွင် ပြီးမြောက်နိုင်သည်" လို့ အလေးပေးပြောကြားခဲ့ပါတယ်။ 

အစ္စရေးနိုင်ငံကို ဟားမတ်စ် တိုက်ခိုက်မှုအပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည့် ပဋိပက္ခသည် ဂါဇာတွင် လူပေါင်း ၄၆,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment