Pages

Pages

မီလန်မြို့က အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်ထုတ်ပြီး မီးညှိတာနဲ့ ဖမ်းပြီ


ဇန်နဝါရီ - ၆  ( တနင်္လာနေ့ ) 

အီတလီနိုင်ငံရဲ့ ငွေရှာလို့ကောင်းတဲ့ စီးပွားရေးမြို့ဖြစ်တဲ့ မီလန်မြို့မှာ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်ဖို့နေနေသာ ဆေလိပ်ထုတ်ပြီး မီးညှိလိုက်တာနဲ့ လာရောက်ဖမ်းဆီးပြီး ဒဏ်ငွေ အများအပြား ရိုက်မယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ အဲ့ဒိအမိန့်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး အသက်ဝင်နေပြီလို့လည်း ဆိုပါတယ်။ 

ထုတ်ပြန်တဲ့ အမိန့်စာထဲမှာ ဒေသတွင်းလေထုသန့်စင်ဖို့ရယ်၊ ပြည်သူ့ကျန်းမာရေးအတွက်ရယ် ရည်ရွယ်ပြီး ထုတ်ပြန်ရကြောင်းပါရှိပါတယ်။ ချမျတ်ထားတဲ့အမိန့်မှာ ဖမ်းဆီးမှု တစ်ခုအတွက် ယူရို ၄၀ မှ ၂၄၀ အတွင်းချမှတ်မယ်လို့ ဆိုပါတယ်။ အဲ့ဒိအမိန့်နဲ့ပတ်သက်ပြီး မြို့ခံတွေက ကြိုက်နှစ်သက်မှုမရှိကြပေမဲ့ အထွေအထူးဆန္ဒပြတဲ့သူတွေမရှိပါဘူး။ အချို့ကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူတစ်ဦးချင်းဆိုင်ရာ လွတ်လပ်မှုကို ထိခိုက်နေတယ်လို့ ရေးသားထားတာတွေတော့ ရှိပါတယ်။ 

အချို့ကလည်း ဆေးလိပ်သောက်သူတွေအနေနဲ့ ဆေးလိပ်မသောက်တဲ့သူတွေအပေါ် ကိုယ်ချင်းစာတရား ထားရှိသင့်ပါတယ်။ ကိုယ်ကြိုက်လို့ကိုယ်လုပ်တာမှန်ပေမဲ့ အခြားသူတွေကို ထိခိုက်တာတွေကိုတော့ နားလည်သင့်တယ်လို့ ဆိုပါတယ်။ 

ဆေးလိပ်ကြိုက်သူအချို့ကလည်း နိုင်ငံတော်စီမံကိန်းတွေ ၊ လေယာဉ်တွေ ၊ ကားတွေ နဲ့ စက်ရုံတွေက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေနဲ့ ယှဉ်လိုက်ရင် ဆေးလိပ်သောက်လို့ ဖြစ်တဲ့ လေထုညစ်ညမ်းမှုဆိုတာ မပြောပ လောက်ပါဘူးလို့ အခြေတင်ပြောဆိုတာတွေလည်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အမိန့်ကတော့ အမိန့်ပဲမို့ စီးပွားရေး မြို့က လူတွေအနေနဲ့ အဲ့ဒိတင်းကျပ်လှတဲ့ အမိန့်ကို မလိုက်နာချင်လည်း လိုက်နာကြရတာပါပဲ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ 


REF: Republic

https://t.me/MyanmarNationalPost

No comments:

Post a Comment