Pages

Pages

ဘိုင်ဒန်ပေးတဲ့ အမေရိကန် အရပ်သား အမြင့်ဆုံးဆုကို ဘောလုံးသမား မက်ဆီတက်မယူခဲ့


ဇန်နဝါရီ - ၆ ( တနင်္လာနေ့ ) 

အင်တာမီယာမီ CF ဘောလုံးအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီအား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က  သမ္မတလွတ်လပ်မှုဆုတံဆိပ် (Presidential Medal of Freedom) ကို ချီးမြှင့်ခဲ့ပါတယ်။ သမ္မဂျိုးဘိုင်ဒန်က အမေရိကန် အရပ်သားများကို ချီးမြှင့်သည့် အမြင့်ဆုံးဆုကို နယ်ပယ်အသီးသီးက ထိပ်တန်းခေါင်းဆောင်များကို ချီးမြှင့်ရာ ဆုချီးမြှင့်ခံရသူ ၁၉ ဦးထဲတွင် မက်ဆီလည်းပါဝင်ခဲ့ပါတယ်။ 

လွတ်လပ်မှုဆိုင်ရာ သမ္မတဆုတံဆိပ်သည် အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေး ၊ ကြွယ်ဝမှု နှင့် တန်းဖိုးကို မြှင့်တင်ပေးနိုင်တဲ့ သူများ ၊ ကမ္ဘာ့ငြိမ်းချမ်းရေး သို့မဟုတ် အခြားအရေးကြီးသော လူမှုအဖွဲ့အစည်း၊ အစိုးရ သို့မဟုတ် ပုဂ္ဂလိက ကြိုးပမ်းအားထုတ်မှုများတွင် စံနမူနာပြ ပံ့ပိုးပေးခဲ့ကြသော ပုဂ္ဂိုလ်များအား ပေးအပ်သည့် နိုင်ငံ၏ အမြင့်ဆုံးသော အရပ်သားဂုဏ်ပြုခြင်း ဖြစ်ပါတယ်။

အမေရိကန်မေဂျာလိဂ်မှအင်တာမိယာမီ ကလပ်အသင်းခေါင်းဆောင်သည် လီယိုမက်ဆီဖောင်ဒေးရှင်းမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိ ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအစီအစဉ်များကို ပံ့ပိုးပေးကာ UNICEF ချစ်ကြည်ရေးသံတမန်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

မက်ဆီကအိမ်ဖြူတော်၌ ကျင်းပသည့်အဆိုပါ ဆုပေးပွဲကို လွန်စွာဂုဏ်ယူကြောင်း ပွဲမစမီ အိမ်ဖြူတော်သို့ အကြောင်းကြားခဲ့ပြီး သူ့ကို ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်းမှာ လေးနက်သောအခွင့်ထူးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော်လည်း သူ၏ အချိန်ဇယားများနှင့် ဆွဲထားသော ကြိုတင်ချိန်ဆိုထားသော ကတိကဝတ်များကြောင့် သူတက်ရောက်နိုင်ခြင်း မရှိပါလို့ စာပို့အကြောင်းကြားခဲ့ပါတယ်။ 


REF: intermiamicf

https://t.me/MyanmarNationalPost

No comments:

Post a Comment