ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး


နေပြည်‌တော်၊ ဇန်နဝါရီ ၁၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဌာနအနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ လစ်ဟာမှုမရှိစေရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အဆင်ပြေစွာရရှိစေရေး ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ အမှန်တကယ်ပြီးစီးနိုင်သည့် တိုက်အလုံးအရေအတွက် ကိုသာတင်ပြပြီး ပြီးမြောက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အအုံများတည်ဆောက်ပြီးစီးပါက လျှပ်စစ်မီတာများ အမြန်ဆုံးတပ်ဆင်နိုင်ရေးနှင့် အခန်းများနေရာချထားနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရန်နှင့် အိမ်ခန်းရရှိသူများအနေဖြင့် အိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်နိုင်ရေးကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာမှူးကြီးက အိမ်ရာစီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် မြို့ပြ၊ ရေသန့်၊ လျှပ်စစ်လုပ်ငန်းများကိုလည်းကောင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက အိမ်ခန်းနေရာချထားမှု၊ ကောက်ခံသည့် အိမ်လခနှုန်းထားများနှင့် သာယာရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်မှ တာဝန်ရှိသူများက အိမ်ရာများတည်ဆောက်ပြီးစီးမှုနှင့် လုပ်ငန်းအခက်အခဲများကိုလည်းကောင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဌာနအနေဖြင့် ကူညီပံ့ပိုးဆောင်ရွက် နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး မြင့်ဟိန်းကျော်ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည့် တိုက်အမှတ်(၁၁၈)နှင့် သုခဒဂုံပြည်သူ့အငှား အိမ်ရာစီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် သက်သာသော အိမ်ခန်းငှားရမ်းခနှုန်းထားများဖြင့် နိုင်ငံတော်က စနစ်တကျတည်ဆောက်ပေးထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ၁၁၆၈ ခန်း၊ ၂၀၂၄ ခုနှစ်တွင် ၁၄၈၈ ခန်း နေရာချထားပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်အတွင်း ထပ်မံတည်ဆောက်ပြီးစီးပါက အများပြည်သူများနေထိုင်နိုင်ရန် အခန်းနေရာချထားရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)