လယ်ယာကဏ္ဍဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ယာကဏ္ဍဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်


နေပြည်တော်၊ ဇန်နဝါရီ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့က ဇေယျာသီရိမြို့နယ်ရှိ ဒေသခံတောင်သူ ၉၀ ပိုင်ဆိုင်သည့် လယ်မြေဧက ၂၆၀ ဒသမ ၇၀ ကို နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေဖြင့် စက်မှုလယ်ယာစနစ်ကျလယ်မြေအဖြစ် ဖော်ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အချိန်မီစိုက်ပျိုးနိုင်စေရေး ဆွေးနွေးမှာကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် (၅၈)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ်အားလုံး စိုက်ပျိုးရေးကဏ္ဍ တစ်ပြိုင်တည်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီမံခန့်ခွဲရေး၊ စည်းရုံးရေး၊ နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို စိုက်ပျိုးပညာရှင်များက စနစ်တကျစီမံဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် သက်ဆိုင်ရာသုတေသီပညာရှင်များက စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသည့် ဟင်းသီးဟင်းရွက်သုတေသနများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တောင်သူများက ခရမ်းချဉ်၊ ကြက်သွန်နီ၊ ငရုတ်မျိုးများနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခဌာနမှူးများ၊ ပညာရှင်ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)