နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဖွင့်ပွဲ အခမ်းအနား ကျင်းပ




မြစ်ကြီးနား၊ ဇန်နဝါရီ ၂၈

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ်ဖလားဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်နှင့် စားပွဲတင် တင်းနစ်အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဖွင့်ပွဲအခမ်းအနားတွင် ကျောင်းသား/ကျောင်းသူ (၁၈၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ကျောင်းသား/ကျောင်းသူများသည် အားကစားတွင် စိတ်ဝင်တစားရှိလာကြသည့် အလွန်ပဲဝမ်းမြောက်မိပါကြောင်း၊ ပြိုင်ပွဲများတွင်လည်း အားကစားသမားများ ရှိရမည့် ဇွဲ၊ စိတ်ဓာတ်ကို အရင်းခံ၍ စည်းလုံးညီညွတ်မှုကို ဖော်ပြနိုင်ကြရန်လိုပါကြောင်း၊ ထို့အပြင် မိမိတို့၏ မူလပန်းတိုင်ဖြစ်သည့် အင်ဂျင်နီယာကောင်းများ ဖြစ်လာစေရန် ဘာသာရပ်အသီးသီးတွင် ထူးချွန်ထက်မြက်သူများဖြစ်ရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားကာ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက ဆောင်းရာသီအားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြပြီး ဆောင်းရာသီအားကစားပြိုင်ပွဲများအတွက် အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်မှုကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက လက်ခံရယူခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီး၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ဆောင်းရာသီအားကစားပြိုင်ပွဲများဖြစ်သည့် အမျိုး သားဘောလုံး၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အား ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ဆရာမများ၊ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


#MNP #News #Myitkyina #Sports

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)