၂၀၂၄ တုန်းက ကင်ညာနိုင်ငံရဲ့လက်ဖက်တင်ပို့မှုက ကန်ဒေါ်လာ သန်း၁၀၀၀ ကျော် ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ တုန်းက ကင်ညာနိုင်ငံရဲ့လက်ဖက်တင်ပို့မှုက ကန်ဒေါ်လာ သန်း၁၀၀၀ ကျော် ရရှိ


ဇန်နဝါရီ - ၁၀ ( သောကြာနေ့ ) 

ကင်ညာ၏ လက်ဖက်ခြောက်လုပ်ငန်းသည် ၂၀၂၄  ခုနှစ် ပထမဆယ်လတွင် သိသိသာသာ တိုးတက်လာခဲ့ပြီး ပို့ကုန်ပမာဏ ကီလိုဂရမ် သန်း၅၀၀ အထိရောက်ခဲ့ပြီး ၂၀.၈  ရာခိုင်နှုန်း တက်လာခဲ့တယ်လို့  ကင်ညာလက်ဖက် တင်ပို့မှု ဘုတ်အဖွဲ့က ဆိုပါတယ် ။  ၂၀၂၃  ခုနှစ် အလားတူကာလတွင် ကီလိုဂရမ် သန်း ၄၀၀ ကျော် တင်ပို့ခဲ့ပါတယ် ။ ပို့ကုန်ဝင်ငွေ ကင်ညာ ရှီလင် ၁၅၅ ဘီလီယံ ( ကန်ဒေါ်လာ ၁ ဘီလီယံကျော် ) ရရှိခဲ့ပါတယ်။  

ကင်ညာလက်ဖက်ခြောက်တွေကို ပါကစ္စတန်၊ အီဂျစ်၊ ယူအေအီး၊ ရုရှားနှင့် ဆူဒန်တို့က အဓိက ဝယ်သုံးနေပြီး ဝယ်လိုအား ပင်မပို့ကုန် ပန်းတိုင်များမှာ တသမတ်တည်း ရှိနေခဲ့ပါတယ်။ အာရှတွင် ၎င်း၏ဈေးကွက်တည်ရှိမှုကို ချဲ့ထွင်ရန် မဟာဗျူဟာမြောက် လှုပ်ရှားမှုတစ်ခု အနေနဲ့  ကင်ညာသည် တရုတ်နိုင်ငံ ဖူကျန် ပြည်နယ်တွင် လက်ဖက်ခြောက်ရောင်းဝယ်ရေးစင်တာတစ်ခုကို တည်ထောင်ခဲ့ပါတယ်။

ကမ္ဘာ့ထိပ်တန်း လက်ဖက်ခြောက်ထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယ၊ ကင်ညာ၊ သီရိလင်္ကာ၊ တူရကီ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဂျပန်၊ အီရန် နဲ့ အာဂျင်တီးနား တို့ပဲ ဖြစ်ပါတယ်။ ကင်ညာနိုင်ငံက အာဖရိကတိုက် အရှေ့ဖက် အိန္ဒိယသမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ နိုင်ငံဖြစ်ပါတယ် ။ လူဦးရေက သန်း ၅၀ လောက်ရှိပါတယ်။

၂၀၁၀ မှာ အခြေခံဥပဒေသစ်ရေးဆွဲပြီးနောက်မှာ ၂၀၁၈ မှာ အတိုက်အခံအင်အားစုတွေနဲ့ အစိုးရ ပြန်လည်ပေါင်းစည်းရေး သဘောတူလက်မှက်ရေးထိုးပြီးနောက်မှာတော့ တိုင်းပြည်က နာလံထနိုင်ခဲ့ပါတယ်။ နိုင်ငံရေးထုံးစံအတိုင်း အတိုက်အခံတွေ ရှိနေပေမဲ့ ပြည်တွင်းထုတ်ကုန်တင်ပို့မှု ပိုင်းဆိုင်ရာကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။ အခုတော့ ကင်ညာက အဲ့ဒိအသီးအပွင့်တွေကို ခံစားနေပါပြီ။ 


REF - curlytale

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)