ညောင်ဦး-မြင်းခြံ-ပခုက္ကူသွား ကားလမ်းဘေး၌ ဖွင့်လှစ်ထားသော BOB စက်သုံးဆီဆိုင်အား PDF အကြမ်းဖက်သမားများက ဓားမြဝင်တိုက်သွားကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦး-မြင်းခြံ-ပခုက္ကူသွား ကားလမ်းဘေး၌ ဖွင့်လှစ်ထားသော BOB စက်သုံးဆီဆိုင်အား PDF အကြမ်းဖက်သမားများက ဓားမြဝင်တိုက်သွားကြောင်း သိရ


ညောင်ဦး၊ ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အထက်ညဉ့်ကျေးရွာအုပ်စု၊ အောက်ညဉ့်ကျေးရွာအနီး၊ ညောင်ဦး-မြင်းခြံ-ပခုက္ကူသွား ကားလမ်းဘေး၌ ဖွင့်လှစ်ထားသော BOB စက်သုံးဆီဆိုင် အား ၉-၁-၂၀၂၅ ရက်နေ့ ၁ရး၀၀ အချိန်ခန့်တွင် PDF အကြမ်းဖက်သမားများက ဓားမြဝင်တိုက်သွားကြောင်း သိရသည်။

အကြမ်းသမား ၅ဦးမှ သေနတ်အရှည်များ ကိုင်ဆောင်လျှက် မျက်နှာများအား အဝတ်များစီး၍ ဆိုင်၏ မြောက်အရပ်မှ ရောက်ရှိလာပြီး စက်သုံးဆီ အရောင်းဆိုင်ထဲသို့ ရောက်သည်နှင့် ဆိုင်ဝန်ထမ်းများကို မှောက်ခိုင်းထားကာ ငွေစားပွဲအံဆွဲ အတွင်းမှ စက်သုံးဆီရောင်းရငွေ  သိန်း ၂၀ ကျပ်နှင့် ဆိုင်ကယ် ၁စီးအား ယူ ဆောင်သွားကြောင်းနှင့် အကြမ်းဖက်သမားများသည် ဆိုင်၏ မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘက်သို့ ပြန်လည်ထွက်ပြေးသွားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)