မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တောင်သူနည်းပညာ နှီးနှောဖလှယ်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တောင်သူနည်းပညာ နှီးနှောဖလှယ်ပွဲအခမ်းအနား တက်ရောက်







မော်လမြိုင်၊ ဇန်နဝါရီ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော တောင်သူနည်းပညာ နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ တောင်သူများ တက်ရောက်သည်။

ဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တောင်သူနည်းပညာနှီးနှောဖလှယ်ပွဲ ကျင်းပပေးခြင်းဖြင့် မွန်ပြည်နယ်ရဲ့ လယ်ယာသီးနှံများ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများ များစွာရရှိပြီး ပြည်နယ်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မျိုးကောင်းမျိုးသန့်များ လိုအပ်သကဲ့သို့ ခေတ်မီစိုက်နည်းစနစ်များ၊ သုတေသနလုပ်ငန်းများ မဖြစ်မနေဆောင်ရွက်ရန်လိုအပ်ပြီး အထွက်ကောင်းမျိုးစေ့များဖြန့်ဝေမှု၊ ခေတ်မီစိုက်နည်းစနစ်များ ဖြန့်ဝေမှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲအတားအဆီးများ၊ စိန်ခေါ်မှုများကို ယနေ့ကျင်းပသည့် တောင်သူနည်းပညာနှီးနှောဖလှယ်ပွဲတွင် စုပေါင်းဆွေးနွေး အဖြေရှာကြခြင်းဖြင့် သီးနှံများ အထွက်နှုန်းတိုးတက်ရေး၊ အရည်အသွေးမြင့်မားရေးအတွက် ဖြေရှင်းဆောင်ရွက်ပေးသင့်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလို၍ တောင်သူနည်းပညာနှီးနှောဖလှယ်ပွဲကို ကျင်းပပေးရခြင်းဖြစ်​ကြောင်း၊ ရော်ဘာစိုက်ပျိုးမှုအနေဖြင့် တစ်နိုင်ငံလုံးရော်ဘာစိုက်ဧက (၁.၆)သန်းကျော်တွင် မွန်ပြည်နယ်၌ စိုက်ဧက(၅)သိန်းကျော် စိုက်ပျိုးလျက်ရှိသည့်အတွက် မြန်မာနိုင်ငံရော်ဘာစိုက်ဧက၏ (၃၀.၈၈)ရာခိုင်နှုန်းရှိပြီး ရော်ဘာအများဆုံးစိုက်ပျိုးသော ပြည်နယ်တစ်ခုဖြစ်သလို ဒူးရင်း၊ မင်းဂွတ်၊ ကျွဲကော၊ ကြက်မောက်သီးနှံများသည် ပြည်နယ်၏ အဓိကထွက်ကုန်များအဖြစ် ထင်ရှားပါကြောင်း၊ အဓိကသီးနှံများကို ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ မျိုး၊ မြေ၊ ရေ၊ နည်း၊ နည်းလမ်း (၄)သွယ်ဖြင့် တိုးတက်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်း လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဆင့်ဖြင့် တင်ပို့ရောင်းချနေသည့် အနေအထားမှ တန်ဖိုးမြှင့်ထုတ်ကုန်ကုန်ချော (Value Added Products)အဆင့်သို့ တိုးတက်ထုတ်လုပ်နိုင်စေရန် စိုက်ပျိုးရေးအခြေခံသည့် စက်မှုလုပ်ငန်း (Agrobased Industry)များ ထူထောင်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါ​ကြောင်း၊ တောင်သူလယ်သမားများအနေဖြင့်လည်း နည်းပညာနှီးနှောဖလှယ်ပွဲမှ ရရှိတဲ့နည်းပညာများ၊ အကြံပြုချက်များကို လက်တွေ့လယ်ယာလုပ်ငန်းခွင်တွေမှာ အကျိုးရှိစွာ အသုံးချနိုင်မယ်လို့ ယုံကြည်ပါကြောင်းနှင့် ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မြင့်မားအောင် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က မွန်ပြည်နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ တက်တက်ကြွကြွပါဝင်မှုသည် များစွာအရေးကြီးပါကြောင်း၊ ရေရှည်တည်တံ့သော ရာဘာစိုက်ပျိုးနည်းစနစ်များ၊ သီးနှံမျိုးထုတ်လုပ်သည့် နည်းစနစ်များ၊ ဘက်စုံပိုးမွှားကာကွယ်နည်းစနစ်များ၊ မြေဆီလွှာစီမံခန့်ခွဲရေးနည်းလမ်းများအား သက်ဆိုင်ရာပညာရှင်များမှ မိမိတို့ အတွေ့အကြုံပေါ်အခြေခံကာဆွေးနွေးပေးစေလိုကြောင်းနှင့် မွန်​ပြည်နယ်နှင့် ကရင်ပြည်နယ်မှ တက်ရောက်လာသည့် တောင်သူများကလည်း မိမိတို့သိရှိလိုသည်များကို ပါဝင်မေးမြန်းဆွေးနွေးစေလိုပါကြောင်းကို online မှတစ်ဆင့် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခန်းမအတွင်း မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများ (GAP) ၊စိုက်ပျိုးးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသော သီးနှံမျိုးသစ်များ၊ ရွှေဇီဝသဘာဝမြေသြဇာထုတ်လုပ်မှု၊ မွန်ပြည်နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများ၏ ရော်ဘာကုန်ကြမ်းမှ ထုတ်လုပ်သော ကုန်ပစ္စည်းပြခန်းများအား ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


စည်သူ 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)