(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ မြို့လယ်ဓမ္မာရုံဘက်စုံပြန်လည်ပြုပြင်ပြီးစီးခြင်း ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ မြို့လယ်ဓမ္မာရုံဘက်စုံပြန်လည်ပြုပြင်ပြီးစီးခြင်း ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပ




လွိုင်ကော်၊ ဇန်နဝါရီ ၁၀

(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ မြို့လယ်ဓမ္မာရုံဘက်စုံပြန်လည်ပြုပြင်ပြီးစီးခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်က အဆိုပါဓမ္မာရုံ၌ ကျင်းပရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်အစချီသော ပရိတ်တရားတော် များရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့က အနန္တရာယိကကမ္မဝါစာ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထို့နောက် “ဩကာသ” ကန်တော့ချိုးဖြင့် ပြန်လည်ကန်တော့ခဲ့ကြပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

လွိုင်ကော်မြို့သည် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သာသနိကအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ကျောင်း၊ လမ်းနှင့် လူနေအိမ်များ များစွာထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါပျက်စီးမှုများတွင် ယခုပြုပြင်မွမ်းမံသည့် မြို့လယ်ဓမ္မာရုံလည်းပါဝင်ခဲ့သည်။ လွိုင်ကော်မြို့၊ မြို့လယ်ဓမ္မာရုံအား မြို့ပေါ်ရှိပြည်သူလူထုများ၏ ဘာသာရေးနှင့် လူမှုရေးအခမ်းအနားများ ပြန်လည်ကျင်းပပြုလုပ်နိုင်ရန် ရည်ရွယ်၍ ဘက်စုံပြန်လည် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကာ မြို့နေပြည်သူများ ပါဝင်မှုဖြင့် ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လှူဒါန်းမှု စုစုပေါင်းတန်ဖိုးမှာ (၁၂၃.၄၇၂) သန်းဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)