၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား/အမျိုးသမီး အလွတ်တန်း စက်ဘီးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား/အမျိုးသမီး အလွတ်တန်း စက်ဘီးပြိုင်ပွဲ ကျင်းပ




ရန်ကုန် , ဇန်နဝါရီ ၄


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား/အမျိုးသမီးအလွတ်တန်းစက်ဘီးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက သတ်မှတ်‌နေရာများမှ အသီးသီးတာ လွှတ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ‌ကော်မတီနာယကတိုင်း‌ဒေသကြီး ၀န်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး၀န်ကြီးများ၊ ဌာနဆိုင်ရာမှ တာ၀န်ရှိသူများ၊ အားကစားသမားများ၊ ပြည်သူများ ကြည့်ရှုအားပေးကြသည်။


အဆိုပါ အမျိုးသားပြိုင်ပွဲကို ထောက်ကြံ့နွယ်ခွေမှတ်တိုင်အနီးဒေဝူးအထည်ချုပ်စက်ရုံရှေ့မှ ပြည်လမ်းအတိုင်းလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲကို မင်္ဂလာဒုံလေဆိပ်လမ်းဆုံမှ ပြည်လမ်းအတိုင်းလည်းကောင်း တာလွှတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့၊ ပြည့်သူ့ရင်ပြင်တွင်ပန်း၀င်ကြသည်။


ပြိုင်ပွဲများအပြီး ဆု‌ပေးပွဲကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ‌ကော်မတီနာယက တိုင်း‌ဒေကြီး၀န်ကြီးချုပ်က အမျိုးသား၊ အမျိုးသမီး အလွတ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆု ရရှိကြသော အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အမျိုးသား၊အမျိုးသမီး အသက် ၆၀နှင့်အထက် ပန်း၀င်းကြသော သက်ကြီးအားကစားသမားများ၊ အသက်၁၀နှင့် အထက် ပန်း၀င်ကြသော အားကစားသမားများအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် တိုင်းဒေသကြီး၀န်ကြီးများက အမျိုးသား၊ အမျိုးသမီး နံပါတ် ၆ မှ ၂၅ အထိ၊ နံပါတ် ၆ မှ ၂၀ အထိ ပန်း၀င်ကြသော အားကစားသမားများအား ငွေသား ဆုများချီးမြှင့်ကြသည်။


အဆိုပါပြိုင်ပွဲအတွက် ဆုကြေးအဖြစ် အမျိုးသားပထမကျပ်ခုနှစ်သိန်း၊ ဒုတိယကျပ်ငါးသိန်း၊ တတိယကျပ်သုံးသိန်း၊ စတုတ္ထကျပ်နှစ်သိန်း၊ ပဉ္စမကျပ်တစ်သိန်းနှင့် နံပါတ် ၆ မှ ၂၅ အထိ ကျပ်ငါး‌သောင်းစီကိုလည်း‌ကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆု ကျပ်သုံးသိန်း၊ ဒုတိယဆု  ကျပ်နှစ်သိန်း၊ တတိယဆုကျပ်တစ်သိန်း၊ စတုတ္ထနှင့် ပဥ္စမဆုကျပ်ခုနှစ်‌သောင်းငါးထောင်စီ၊ နံပါတ် ၆ မှ ၂၀ အထိ ကျပ်ငါး‌သာင်းစီ အသီးသီးချီးမြှင့်ခဲ့‌ကြောင်း သိရသည်။


ယင်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်း‌ဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်မှ စက်ဘီးအားကစားသမားအမျိုးသား ၅၀၆ ဦး၊ အမျိုးသမီး ၁၀၂ဦး စုစုပေါင်း ၆၀၈ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)