တောင်ကြီးမြို၌ ရေဘေးသင့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို၌ ရေဘေးသင့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ပေးအပ်


တောင်ကြီး၊ ဇန်နဝါရီ ၁၈

ရေဘေးသင့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေးကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးခြင်းနှင့် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့ လူထုအခြေပြုစုပေါင်းခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ရှမ်းပြည်နယ်ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက တိုင်ဖွန်းမုန်တိုင်း(ရာဂီ)ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချိုတွင် ရေကြီး ရေလျှံမှုများဖြစ်ပွားခဲ့ပြီး စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများ ပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ၊ သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုးကာ အခြေခံလူတန်းစားများအပါအဝင် လုပ်ငန်းရှင်များပါ စီးပွားရေး၊ လူမှုရေးထိခိုက်ခဲ့ရကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍမှ နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးပေးခဲ့ပြီး အလုပ်သမားဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် လူမှုဖူလုံရေးအာမခံအလုပ်သမားများကို နည်းလမ်းရှာ၍ ကူညီပေးခဲ့ကြောင်း၊ ရှမ်းပြည်နယ်အတွင်း အလုပ်ဌာန ၇၀၀ ကျော်တွင် အာမခံအလုပ်သမား ၁၀၀၀၀ ကျော်ရှိသည့်အနက် အလုပ်ဌာန ၄၀ မှ ရေဘေးသင့်အာမခံအလုပ်သမား ၂၃၀ ကို လူမှုဖူလုံ‌ရေး အကျိုးခံစားခွင့် ငွေကျပ် ၂၀ ဒသမ ၆၈ သန်း နှင့် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေကျပ် ၁၀ ဒသမ ၂၈ သန်းနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၁၃ ဒသမ ၇၅သန်းကို သက်ဆိုင်သူများထံ ယနေ့အခမ်းအနားတွင် ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးရာဝန်ကြီးထံ ရေဘေးသင့် အာမခံအလုပ်သမား ၂၃၀ အတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ငွေကျပ် ၂၀ ဒသမ ၆၈ သန်းကို လွှဲပြောင်းပေးအပ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)