နေပြည်တော်၊ ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ရွာကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး လူနေအိမ် တချို့ ပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဝါဒ ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းဒေသအတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်မှု မရှိစေရေးနှင့် ပြည်သူ့ဘဝလုံခြုံရေးအတွက် လိုအပ်သည့်နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိပြီး ကျေးရွာများအတွင်းသို့ အကြောင်းမဲ့တစ်စုံ တစ်ရာ ပစ်ခတ်ခဲ့မှုမရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ၎င်းတို့အပေါ် အားပေးထောက်ခံမှုမရှိသည့် ကျေးရွာများအား အကြောက်တရား လွှမ်းမိုးစေရန် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက် ရှိရာ လူနေအိမ်များပျက်စီးပြီး အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိမှုများ လည်းရှိကြောင်း၊ ထိုသို့ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားလာစေရန် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက် တွင် မဟုတ်မမှန်သတင်းများရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
#MNP #News #FakeNews
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment