နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပျက်စီးသွားသောနေအိမ်များနှင့် သဘာဝဘေးကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ချီးမြှင့်ငွေ၊ ဆန်၊ ဆီ၊ ပဲ၊ ဆား ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပျက်စီးသွားသောနေအိမ်များနှင့် သဘာဝဘေးကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ချီးမြှင့်ငွေ၊ ဆန်၊ ဆီ၊ ပဲ၊ ဆား ပေးအပ်



လွိုင်ကော် ဇန်နဝါရီ ၁၆ 

ကယားပြည်နယ် အစိုးရအဖွဲ့မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ မြို့လယ်ဓမ္မာရုံ၌ ကျင်းပသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပျက်စီးသွားသော နေအိမ်များ နှင့် သဘာဝဘေးကြောင့် ယာယီ နေရပ်စွန့်ခွာ ပြည်သူများအား ငွေသား၊ ဆန်၊ ဆီ၊ ပဲ၊ ဆား ပေးအပ် ခြင်းနှင့် ကယားပြည်နယ်အစိုးရ အဖွဲ့က ယာယီနေရပ်စွန့်ခွာရာ မှ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ဆား ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ပျက်စီးသွားသော နေအိမ်များအတွက် ချီးမြှင့်ငွေ ပေးအပ်ခြင်းနှင့် သဘာဝဘေးကြောင့် ယာယီ နေရပ်စွန့်ခွာ ပြည်သူများအား ငွေသား၊ ဆန်၊ ဆီ၊ ပဲ၊ ဆား ပေးအပ် ရခြင်းကိုလည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ယာယီနေရပ်စွန့်ခွာရာမှ လွိုင်ကော် မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ဆား ပေးအပ်ရခြင်းကို လည်းကောင်း ရှင်းလင်းပြောကြားကြသည်။ 

ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် နေအိမ် ၂၅၁ လုံး ပြန်လည်ပြုပြင်ရန်အတွက် ငွေကျပ် ၂၁၁ သန်းနှင့် သဘာဝ ဘေးကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူ ၁၆၆၁ ဦးနှင့် ယာယီနေရပ် စွန့်ခွာရာမှ လွိုင်ကော်မြို့ သို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူ ၃၃၄ ဦးအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆားများကို ပေးအပ်ပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

ယင်းနောက် တိုက်ပွဲဖြစ်စဉ် များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အဆောက်အအုံ ပြန်လည်ပြင်ဆင် ထားရှိမှု၊ လူထုအခြေပြုဗဟိုဌာန(Community Centre) အခန်းနှင့် သင်တန်းခန်းမ ပြင်ဆင်ဆောင် ရွက်ထားရှိမှုတို့ကိုလည်းကောင်း၊ လွိုင်ကော်မြို့ နောင်ယား(က) ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးထားသည့် အခြေအနေနှင့် ဝန်ထမ်းများ နေရာချထားပေးမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ရင်းရင်း နှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများကို ပေးအပ်သည်။ 

ညနေပိုင်းတွင် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ပြည်နယ် ခန်းမ၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က နှုတ်ခွန်းဆက် စကားပြောကြားပြီး ဧည့်သည်တော်များအား ဂါရဝပြု အထိမ်း အမှတ် ရိုးရာလက်ဆောင်များ ပေးအပ်သည်။

ညစာစားပွဲတွင် ကယား တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် တူရိယာအဖွဲ့များ၊ ကယား ကိုးမျိုးအကအဖွဲ့၊ ကယန်းရိုးရာ အကအဖွဲ့၊ ရှမ်းတိုင်းရင်းသူ၊ ပအိုဝ်း ရိုးရာအကအဖွဲ့များက သက်ဆိုင်ရာ တိုင်းရင်းသားရိုးရာတေးသီချင်း များဖြင့် ကပြသီဆိုကြပြီး ခေတ်ပေါ်တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြ ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ကပြ ဖျော်ဖြေကြသည့် တိုင်းရင်းသား ရိုးရာအကအဖွဲ့များနှင့် ခေတ်ပေါ် တေးဂီတအဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်း ၃၀ နှင့် ဂုဏ်ပြုပန်းခြင်း ပေးအပ်သည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ရာသီသီးနှံ စံပြစိုက်ခင်း၌ ဆိုလာတပ်ဆင်၍ လေးလက်မ စက်ရေတွင်းဖြင့် ရေကိုအလေအလွင့်မရှိ ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက် ထားရှိမှုနှင့် စံပြစိုက်ခင်းတွင် စိုက်ပျိုးထားရှိမှု အခြေအနေများ ကို ကြည့်ရှုပြီး ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။ 

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကယားပြည်နယ် အတွင်းရှိ လျှပ်စစ်နှင့် စွမ်းအင်ဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာက ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု၊ ဘီလူးချောင်း အမှတ်(၂) စက်ရုံမှူးက ဓာတ်အားပေးစက်ရုံ လုပ်ငန်း လည်ပတ်ဆောင်ရွက်မှု၊ မဟာဓာတ်အားလိုင်းမှူး (လွိုင်ကော်)က မဟာဓာတ်အားလိုင်းနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန ဦးစီးအရာရှိက စက်သုံးဆီများ ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)