မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က အသက် ၇၅ နှစ်နှင့်အထက် အဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က အသက် ၇၅ နှစ်နှင့်အထက် အဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ်




နေပြည်တော်၊ ဇန်နဝါရီလ ၂၄

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က အသက် ၇၅ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအား ကျပ် ၅ သောင်းစီ ထောက်ပံ့မှုအား တိုင်းဒေသကြီး/ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့များက သက်ဆိုင်ရာနယ်မြေအလိုက် အခမ်းအနားဖြင့် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားများတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ထောက်ပံ့ရသည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ထောက်ပံ့ငွေများအား ပေးအပ်ရာ လက်ခံရရှိသည့် အဖွဲ့ဝင်များက ကျေးဇူးတင်စကားပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သည် အသက် ၇၅ နှစ်ပြည့်၊ အသက် ၈၀ ပြည့်၊ အသက် ၈၅နှစ် ပြည့်၊ အသက် ၉၀ ပြည့် နှင့် အသက် ၉၅ နှစ်ပြည့်သူအဖွဲ့ဝင် ၂၉၂၇ ဦးအား တစ်ဦးလျှင်ငွေကျပ် ၅ သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၄၆ ဒဿမ ၃၅ သန်း ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်းနှင့် နှစ်စဉ် အသက်အပိုင်းအခြားအ လိုက် ပြည့်မြောက်လာသူများကို တစ်ကြိမ်စီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)