Pages

Pages

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်း၊ ထိုင်းဘတ် ၂ သန်းခွဲခန့် ထုတ်ရောင်း


နေပြည်တော်၊ ဒီဇင်ဘာ ၃

နှစ်သစ်ကူးရုံးပိတ်ရက်များအပြီး ဒေါ်လာလိုအပ်ချက် မြင့်မားလေ့ရှိသည့် ၂၀၂၅ ခုနှစ်အစတွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်း၊ ထိုင်းဘတ် ၂ ဒသမ ၄၅၈ သန်းနှင့် တရုတ်ယွမ် ၆၈၀,၀၀၀ ခန့် ထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇန်နဝါရီ ၂ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည်။

နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်းမှာလည်း ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့သည်။ ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ ထုတ်ရောင်းပေးခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment