Pages

Pages

နောင်ချိုမြို့တောင်ပိုင်းရှိ ကျေးရွာများမှ လူငယ်များကို TNLA/ PDF အကြမ်းဖက်အဖွဲ့များက အဓမ္မလူသစ်စုဆောင်းနေ

 


နောင်ချို၊ ဇန်နဝါရီ ၃

နောင်ချိုမြို့နယ် တောင်ဘက်ပိုင်းရှိ ကျေးရွာများမှ အသက်(၁၆)နှစ် မှ (၃၅)နှစ်ကြား လူငယ်များကို TNLA/PDF အကြမ်းဖက်အဖွဲ့များက အတင်းအဓမ္မ လူသစ်စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆက်သွယ်ပြောဆိုသည်။

ဒေသခံက "နောင်ချို တောင်ပိုင်း ကျေးရွာအုပ်စု (၃)စုပေါ့၊ ကျေးရွာပေါင်း ၂၀ ကျော် ရှိတယ်။ အဲဒီ ရွာတွေထဲမှာ TNLA အကြမ်းဖက်သမားတွေ ဖြန့်ခွဲပြီး ရှိနေကြတယ်။ အခု သူတို့က တစ်ရွာကို လူ(၃၀) လိုက်ရမယ်ဆိုပြီး ခေါ်နေတယ်။ ရွာသူရွာသားတွေလည်း ရှောင်နေကြတယ်။ ခေါ်မပေးရင် မိသားစုဝင်တွေကို ဖမ်းဆီးနှိပ်စက်တာမျိုးလည်း လုပ်ပြန်တယ်။ တပ်မတော်က တောင်ခမ်းမှာပဲ ခြေမှုန်းနေတာ။ တခြားနေရာတွေကို ရှင်းတာ မရှိဘူး။ ရွာသားတွေမှာ နေထိုင်ရတာ တော်တော်လေး ဒုက္ခရောက်နေပြီ။ တချို့ ဘုန်းကြီးကျောင်းတွေမှာ ဆရာတော်တွေလည်း မရှိတော့ဘူး။" ဟု ပြောသည်။

"TNLA/PDF အကြမ်းဖက်သမားများ လုပ်နေသည့်ပုံစံမှာ တပ်မတော်ကို တိုက်ခိုက်ဖို့ ဒေသခံပြည်သူတွေကို အသုံးချတယ်။ ပြီးတော့ သူတို့နာမည်ခံမယ်။ အကြမ်းဖက်သမားတွေ သေဆုံးတာများလာတော့ ဒေသခံတွေကို သူတို့ တပ်သားအဖြစ် တာဝန်ထမ်းဆောင်ဖို့ အသေခံခိုင်းဖို့ လိုက်ခေါ်နေတယ်။ တပ်မတော်အနေနဲ့ အကြမ်းဖက်သမားတွေကို ရှင်းတာ/ မရှင်းတာက တကြောင်းပေါ့ဗျာ၊ ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနိုင်ဖို့၊ ဒီမှာကတော့ အေးအေးဆေးဆေး နေလို့ကို မရတော့ဘူး။ သင့်တော်မယ့်နေရာကို ရွှေ့ပြောင်းပေးစေလိုပါတယ်" ဟု ပြောသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment