ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မြစ်ကြီးနားမြို့ပေါ်ရှိ သမဝါယမအသင်း လီမိတက်ပိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မြစ်ကြီးနားမြို့ပေါ်ရှိ သမဝါယမအသင်း လီမိတက်ပိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


မြစ်ကြီးနား၊ ဇန်နဝါရီ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးသည် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တာဝန်ရှိသူများနှင့်အတူ ၈-၁-၂၀၂၅ ရက်နေ့က ကချင်ပြည်နယ်အတွင်းရှိ ဝန်ကြီးဌာနအောက် ဌာနဆိုင်ရာ အရာထမ်းများနှင့် ဆွတ်ဂျာအိန်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်အားလုံးက ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားလုပ်ငန်း ဆောင်ရွက်သူများက အကူအညီတောင်းခံလာပါက တတ်နိုင်သမျှပေါင်းစပ်၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်မှာကြားသည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မြစ်ကြီးနားမြို ရွှေညောင်ပင်ရပ်ကွက်ရှိ  “စူပါဝမ်း” နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရမ်ပူရပ်ကွက် ရှိ “ဂျိန်းဖောသူ” စက်မှုလက်မှု ရက်ကန်းကုန်ထုတ် သမဝါယမအသင်း၌ ကချင်ရိုးရာအဝတ် အထည်များအား စက်ရက်ကန်း၊ လက်ရက်ကန်းဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုပြီး ဈေးကွက်ရရှိမှု အခြေအနေများနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)