ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဘယ်လာရုစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဘယ်လာရုစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဇန်နဝါရီ ၁၀

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအေးထွန်းသည် ဘယ်လာရုစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Barys ANDRASIUK ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲအား ယမန်နေ့က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့်ကိစ္စရပ်များ၊ ၂၀၁၃ ခုနှစ်တွင် နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သည့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာပါ ကိစ္စရပ်များအား ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံဆေးဝါးထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေးနှင့်ဆေးဝါးထုတ်လုပ်မှုကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်သင်ကြားပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးဝါးတက္ကသိုလ်များအကြား ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအပြန်အလှန် ဆေးဘက်ဆိုင်ရာပညာရှင်များအကြား အတွေ့အကြုံ ဖလှယ်နိုင်ရေးနှင့် လေ့လာရေးခရီးစဉ်များ စေလွှတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)