ဇန်နဝါရီ - ၂၄ ( သောကြာနေ့ )
အစ္စရေး စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် သေသွားပြီလို့ ဆိုတဲ့ ပါလက်စတိုင်း ဟားမတ် ခေါင်းဆောင် တစ်ယောက်က မနေ့က ဗီဒီယိုကနေ စကားပြောတဲ့ဖိုင်တစ်ခု ထွက်ပေါ်လာပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့ ထိုးစစ်အပေါ် မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပြီလို့ မီဒီယာတွေက ဖော်ပြလာကြပါတယ်။
ဟူစိန်ဖေးယက် လို့ခေါ်တဲ့ ဟားမတ်တိုက်ခိုက်ရေးတပ် အကြီးတန်ခေါင်းဆောင် ကို အစ္စရေးစစ်တပ်က တင့်ဖျက်ဒုံ တွေနဲ့ရယ် ရော့ကတ်တွေနဲ့ရယ် ပစ်ခတ်တိုက်ခိုက်လို့ ပြီးခဲ့တဲ့ မေလက သေဆုံးသွားပြီ ဆိုပြီး ကြေညာခဲ့ပါတယ်။ အဲ့ဒိတုန်းက အစ္စရေးစစ်တပ်က အကြမ်းဖက်မှုတွေကို အပြီးတိုင်ဖျက်စီးနိုင်တော့မယ်ဆိုပြီး ဟစ်ကြွေးခဲ့ပါတယ်။
ဖေးယက်ကို ဂျိုးထရက်စ်မန်ဆိုသူ ပို့စ်ပိုင်ရှင်က X လူမှုကွန်ယက်ပေါ်က ဗီဒီယိုဖိုင်တစ်ခုမှာ တွေ့ရပြီး အဲ့ဒိထဲမှာ သူက လူအုပ်စုတစ်ခုကို စကားပြောနေတာကို တင်ထားတာပါ။ တဲလ်အဗစ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦး ကတော့ ဖေးယက်နဲ့ တော်တော်တူတာကတော့ဟုတ်ပါတယ်။ အဲ့ဒိဒေသမှာ လူအုပ်လိုက်ကြီးရှိနေတာကတော့ သံသယဝင်စရာပါ လို့ ပြောသွားပါတယ်။ ဟားမတ်-အစ္စရေးစစ်ပွဲမှာ ဟားမတ်ဘက်က တိုက်ခိုက်ရေး သမား ၂သောင်းလောက်သေခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ဇန်နဝါရီ ၁၉ ရက်နေ့ အပစ်ရပ်စာချုပ်က အဲ့ဒါကြောင့်ဖြစ်မယ်လို့ ဆိုပေမဲ့ ဟားမတ်တွေရဲ့ တောင်ခံနိုင်စွမ်းက အထင်ကြီးစရာပါလို့လည်း ဆိုပါတယ်။
REF - Times News
#MNP #News #International
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment