ရွှေရတုတိပိဋကဆရာတော်ဘုရားကြီး၏ သက်တော်{၆၁}နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေရတုတိပိဋကဆရာတော်ဘုရားကြီး၏ သက်တော်{၆၁}နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနား ကျင်းပ








ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ နိကာယ်ငါးရပ်ပိဋကသုံးပုံ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဖြစ်တော်မူသော ရွှေရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကပါဠိပါရဂူ၊ ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)၏ သက်တော်{၆၁}ပြည့် ဝိဇာတပူဇာနှင့် {၂၅}နှစ်ပြည့် ငွေရတုတိပိဋကပူဇာအခမ်းအနား ကို (၂၅-၁-၂၀၂၅)ရက်နေ့(၀၉ ၀၀)အချိန်တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီ နှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဆရာတော်ဘုရားကြီး၏ တပည့်ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။


#MNP #News #Yangon

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)