နေပြည်တော်၊ ဇန်နဝါရီ ၂၄
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ပေါ်သို့ ဇန်နဝါရီလ(၂၃) ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံးပြီး အဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်သတင်းများကို တရားမဝင် ပြည်ဖျက် မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ပစ်ခတ် တိုက်ခိုက်ခြင်း မရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အား ထောက်ခံအားပေးခြင်း မရှိသည့် နယ်မြေများအား ၎င်းတို့အပေါ် အကြောက်တရားလွှမ်းမိုးစေရန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်မှတဆင့် သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
#MNP #News #FakeNews
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment