ပေါင်၊ ဇန်နဝါရီ ၁၇
မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က)ဆင်ဖြူရပ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာလူငယ်စကားဝိုင်းတွင်ပေါင်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာငှက်တောင်ပျံ(ဇင်းကျိုက်)ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင် လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး(အ.ထ.က)ဆင်ဖြူရပ်ကျောင်း မှ Grade - 10 ကျောင်းသားမောင်တောက်ထွန်းအောင်က လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသားမောင်တွယ်တာဦးက လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသူ မနဒီစိုးက လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -10 ကျောင်းသူမဇင်မာဝင်းကလူငယ်နှင့်စည်းကမ်းခေါင်းစဥ် ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူ မနှင်းနုထွေး ကလူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ က လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က ပြန်လည်ဖြေကြားပေးခဲ့ပြီး (အထက)ဆင်ဖြူရပ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာလွင်ကကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်း သို့ (အ.ထ.က)ဆင်ဖြူရပ်ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ ( ၃၀၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment