နေပြည်တော်၊ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မြို့ကျက်သရေဂုဏ်ဆောင် သမိုင်းဝင်စွန်ခမ်းစေတီတော်မြတ်ကြီး လုံတော်ပြည့်ရွှေသင်္ကန်း စတင်ကပ်လှူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ရာ စွမ်ခမ်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမစိတ္တ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သမိုင်းဝင်စွန်ခမ်းစေတီ တော်အတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေဆိုင်းများ ကပ်လှူပူဇော်ကြသည်။ ထို့နောက် စွမ်ခမ်းကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဂေါပကအဖွဲ့များက စွမ်ခမ်းစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော်များစတင် ကပ်လှူပူဇော်ကြသည်။
အဆိုပါ စွမ်းခမ်းစေတီတော်မြတ်ကြီး ရွှေသင်္ကန်းတော်ကပ်လှူနိုင်ရေး အတွက်လုပ်ငန်းများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်မှ စတင်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့မှ ဇန်နဝါရီလ ၃၁ ရက်အထိ ရွှေသင်္ကန်းတော်များ အပြီးသပ် ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment