“ဥပဒေဘောင်အတွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျင့်ကြံ နေထိုင်သူများဖြစ်ကြစေလိုကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ဥပဒေဘောင်အတွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျင့်ကြံ နေထိုင်သူများဖြစ်ကြစေလိုကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောကြား


နေပြည်တော်၊ ဇန်နဝါရီ ၂၂

ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဝန်ကြီးများ၊ ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး နေပြည်တော် ပြင်ပဌာနများမှ ဝန်ထမ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက “ဥပဒေကိုမသိ၍ ပြစ်မှုကျူးလွန်ခဲ့သည်” ဆိုသော အဖြစ်မျိုးမဖြစ်စေရေးအတွက် နိုင်ငံသားတိုင်းဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတရရှိစေရေး လိုအပ်သည်ဖြစ်ရာ အခြေခံအားဖြင့် မိမိတိုနိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသည့် ဥပဒေများအနက် သိသင့်သိထိုက်သော ဥပဒေများ၏ သတ်မှတ်ပြဋ္ဌာန်းချက်များကို မှတ်သားသိရှိနေရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုအဆင့်အဖွဲအစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြိုနယ်ရုံးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေအသိရှိသူများ ပေါ်ထွန်းလာစေရေးတိုအတွက် ယနေ့ဟောပြောပွဲမှရရှိခဲ့သည့် ဥပဒေဆိုင်ရာ အသိပညာဗဟုသုတများကို မိမိတို၏နိုင်ငံနှင့်ဌာနအတွက် လက်တွေ့ကျကျ ကောင်းစွာအသုံးချသွားကြရန်နှင့် “ဥပဒေဘောင်အတွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျင့်ကြံ နေထိုင်သူများဖြစ်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထိုနောက် ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဥပဒေအရာထမ်းများက ဖွဲစည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံတော်အစိုးရလျှိဝှက်ချက်အက်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေနှင့်ဆက်သွယ်ရေးဥပဒေ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များအပါအဝင် နိုင်ငံသားတိုင်း၊ နိုင်ငံ့ဝန်ထမ်းတိုင်း အခြေခံအားဖြင့် သိသင့်သိထိုက်သည့်ဥပဒေများအကြောင်း ဟောပြောဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။

အဆိုပါဟောပြောပွဲကို နိုင်ငံ့ဝန်ထမ်းများ ဥပဒေဆိုင်ရာအခြေခံသဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီး စည်းကမ်းရှိသော နိုင်ငံသားများဖြစ်စေရန်နှင့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီး၌ ပေးအပ်သည့်တာဝန်များကို ဥပဒေနှင့်အညီ စနစ်တကျကျေပွန်စွာထမ်းဆောင်နိုင်သော နိုင်ငံ့ဝန်ထမ်းများဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)