ဇန်နဝါရီ - ၂၈ ( အင်္ဂါနေ့ )
နယ်သာလန်နိုင်ငံ အက်ဆန်မြို့က ဒရန့်သ် ပြတိုက်မှာ ရှေးဟောင်းသမိုင်းဝင် ပစ္စည်းများပြပွဲပြုလုပ်ပြီး နောက်ဆုံးပိတ်ရက်ရောက်ပြီး နောက်တစ်ရက်မှာ ရိုးမေးနီးယား နိုင်ငံတော် ဘဏ္ဍာတွေဖြစ်တဲ့ ဘီစီ ၅၀ လောက်က ရွှေနဲ့ပြုလုပ်ထားတဲ့ ခေါင်းဆောင်း နဲ့ ရွှေလက်ကောက် ၃ ခု ဖောက်ထွင်းခိုးယူခံလိုက်ရပါတယ်။ ဖောက်ထွင်းမှုကို သူခိုးတွေက အောင်မြင်စွာလုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။
စနေနေ့ နံနက်အစောပိုင်းက ဒရန့်သ် ပြတိုက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာတော့ “ရှေးဟောင်းသုတေသနလက်ရာများစွာ” ကို ပြတိုက်ထဲမှာ တွေ့ရှိခဲ့ ရပါတယ်။ ရဲတပ်ဖွဲ့တွေက စုံစမ်းမှုများစွာလုပ်ပြီးနောက်မှာတော့ တနင်္လာနေ့ ထုတ်ပြန်ချက်တစ်ခုတွင် သံသယရှိသူ အများအပြား ပါဝင်နေတယ်လို့ ယုံကြည်ရကြောင်း နဲ့ စုံစမ်းစစ်ဆေးမှုကို အင်တာပိုလ် ( နိုင်ငံတကာ ရဲတပ်ဖွဲ့ ) နဲ့ပါဆက်သွယ်ချိတ်ဆက်ထားကြောင်း ဖော်ပြပါရှိပါတယ်။
သူခိုးများသည် ရိုမေးနီးယားနိုင်ငံ၏ နိုင်ငံတော်ဘဏ္ဍာအဖြစ် သတ်မှတ်ခံထားရသည့် နှစ်ပေါင်း၂၄၀၀ သက်တမ်းရှိ အနုပညာလက်ရာဖြစ်သော ကိုတိုဖီနက်စတီ ၏ ရွှေခမောက်နှင့် ဘီစီ ၅၀ ဝန်းကျင်က ရွှေလက်ကောက် သုံးကွင်းကို ဖောက်ထွင်း ခိုးယူခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါပစ္စည်းများသည် ပြတိုက်ကကျင်းပသည့် ပြပွဲ ' ရွှေငွေကြွယ်ဝသော ဒါစီယံခေတ် ' ပြပွဲ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ခမောက်၊ လက်ကောက်များနှင့် အခြားရွှေငွေ ရာနှင့်ချီသော ပစ္စည်းများကို ရိုမေးနီးယားရှိ ပြတိုက် တစ်ဒါဇင်ကျော်ထံမှ ဒရန့်သ် ပြတိုက်သို့ ငှားရမ်းခဲ့တာပဲ ဖြစ်ပါတယ်။
ဒါစီယံများသည် ကြေးခေတ်မှ အေဒီ ဒုတိယရာစုအထိ တည်ရှိခဲ့ပြီး ရောမတို့ က ၎င်းတို့ကို သိမ်းပိုက်ပြီးနောက် မျက်မှောက်ခေတ် ရိုမေးနီးယား၏ နေရာအနှံ့တွင် နေထိုင်ခဲ့ကြသော ရှေးခေတ် အင်ဒို-ဥရောပလူမျိုးများ ဖြစ်ပါတယ်။ သူတို့က အရေးကြီးသော ကုန်သွယ်ရေးလမ်းဆုံတစ်ခုပေါ်တွင်နေထိုင်ခဲ့တာကြောင့် ၎င်းတို့၏အနုပညာက ဂရိ၊ ဆဲ့တ်၊ သယာဆီးယံ ၊ ဆစ်သီးယံ နှင့် ပါရှန်လူမျိုးများပေါ်တွင် လွှမ်းမိုးခဲ့ပါတယ်။
“ဒီနေ့ဟာ အက်ဆန် မြို့ ရှိ ဒရန့်သ် ပြတိုက် နဲ့ ဘူခါရက်မြို့က ရိုမေးနီးယား အမျိုးသားသမိုင်းပြတိုက်အတွက် အမှောင်လွှမ်းတဲ့ နေတစ်နေ့ပါပဲ”လို့ ဒရန့်သ် ပြတိုက်၏ ဒါရိုက်တာ ဟာရီတူပန် ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ပြတိုက်ရဲ့ နှစ်ပေါင်း ၁၇၀ သက်တမ်းမှာ ဒီလိုကြီးကြီးမားမား အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးပါဘူး။ ဒါတွေက ရိုမေးနီးယားရှိ ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များအပေါ် ကြီးစွာသောဝမ်းနည်းမှုကိုလည်း ဖြစ်စေပါတယ်” လို့ ဆိုပါတယ်။ ရိုမေးနီးယား နဲ့ နယ်သာလန်ရဲတွေ ပေါင်းပြီး အဲ့ဒိအမှုကို လိုက်နေပါတယ်။
REF - RT
#MNP #News #Romanian
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment