ရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လက်မှတ်ရစီးပွားရေး စာရင်းကိုင်ပညာ (၂)နှစ်သင်တန်းပြီးမြောက်မည့် ဒုတိယနှစ်သင်တန်းသား/သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လက်မှတ်ရစီးပွားရေး စာရင်းကိုင်ပညာ (၂)နှစ်သင်တန်းပြီးမြောက်မည့် ဒုတိယနှစ်သင်တန်းသား/သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားတက်ရောက်



ပုသိမ်၊ ဇန်နဝါရီ ၂၃

လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ (၂)နှစ်သင်တန်းပြီးမြောက်မည့် ဒုတိယနှစ် သင်တန်းသား/သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ကျင်းပပြုလုပ်ခဲ့ရော ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့်အတူ တက်ရောက် ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လက်မှတ်ရစီးပွားရေးစာရင်းကိုင် ပညာ (၂)နှစ်သင်တန်းပြီးမြောက်မည့် ဒုတိယနှစ်သင်တန်းသား/သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး အလုပ်အကိုင်ရရှိမှုအခြေအနေများအား မိတ်ဆက်တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်)အနေဖြင့် စာရင်းရေးစာရင်းကိုင်ပညာ တတ်ကျွမ်းသူလူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ သင်တန်းကျောင်းမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် သင်တန်းဆင်းဦးရေ (၄၉)ဦးရှိတဲ့အနက် (၃) ဦးမှာ သမဝါယမကောလိပ် (ဖောင်ကြီး)သို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိခဲ့ပြီး ကျန်သင်တန်းသား/သူ (၄၆)ဦးတို့မှာ အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းများ၊ အရောင်းဆိုင်များနှင့် စတိုးဆိုင်များ၊ စက်ရုံများ၊ အစိုးရဌာနများ၊ ကိုယ်ပိုင်လုပ်ငန်းများနှင့် အခြားသောလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်ကိုတွေ့ရကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာသည်နှင့် တိုင်းဒေသကြီး၏ GDP လည်းတိုးတက်လာမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်မောင်မယ်များဖြစ်သည့်အတွက် သင်တန်းပြီးမြောက်၍ လုပ်ငန်းခွင်ဝင်ရောက်ကြသည့် အခါတွင်လည်း မိမိရောက်ရှိသည့် အဖွဲ့အစည်းမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ သင်တန်းမှသင်ကြားပေးပို့ချပေးလိုက်သော ပညာရပ်များကို အကျိုးရှိရှိ လက်တွေ့အသုံးချကာ အကျင့်စာရိတ္တ ကောင်းမွန်သော ဝန်ထမ်းကောင်းများအနေဖြင့် ရပ်တည်နိုင်ပါစေကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်  သင်တန်းကျောင်းမှ ကထိကတစ်ဦးက အခြေခံပညာအလယ်တန်း (Grade-9) အောင်မြင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် သက်မွေးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ သက်မွေးမှုပညာ သင်ယူတတ်မြောက်ပြီးသူများထဲမှ ထူးချွန်သူများကို သမဝါယမကောလိပ်များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ပေါင်းကူး၍ ဆက်လက်ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ချခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် ပို့ချသည့် ဘာသာရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ နိုင်ငံကိုယ်စားပြုခြင်းလုံးအားကစားတွင် ထူးချွှန်ဆုတံဆိပ်များ ရရှိခဲ့သော ဒုတိယနှစ်သင်တန်းသူ မမှုံနံ့သာအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး ဒုတိယနှစ်သင်တန်းသားများမှ သင်ကြားခဲ့ရသည့် ဘာသာရပ်များနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ တက်ရောက် လာသည့်လုပ်ငန်းရှင်များမှ လုပ်ငန်းခွင်စာရင်းဇယားများနှင့် ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်အရေးကြီးကြောင်းနှင့် သင်ကြားခဲ့ရသော ဘာသာရပ်များကို လက်တွေ့အသုံးပြုကာ ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းခွင်များမှ ကြိုဆိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)