နေပြည်တော်၊ ဇန်နဝါရီ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ပါတီရုံးသစ်ဖွင့်ပွဲကို ဇန် ၆ ရက်နေ့မနက် ၉ နာရီက ကျင်ပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် ဗဟိုအလုပ်အမှု့ဆောင်များ တက်ရောက်ကြသည်။
အခန်းအနားတွင်ပါတီဥက္ကဋ္ဌ နှင့် အကြီးအကဲများက ဖဲကြိုဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကဗျည်းမှော်ကွန်းကြေးပြားကို အမွှေးနံသာရည်များ ပက်ဖြန်းကာ ဖိတ်ကြားထားသူများနှင့် တက်ရောက်လာသူများကို ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းတို့က နုတ်ခွန်းဆက်စကားပြောကြာသည်။
ထို့နောက် နေ့လည် ၁၁ နာရီအချိန်တွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် ပြည်ထောင်စုနယ်မြေ ပါတီရုံးသစ်ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ အခန်းအနားတွင် ပါတီဥက္က၊ မှ ပါတီဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ခြင်း၊ ပါတီအကြီးအကဲများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ကဗျည်းမှော်ကွန်းကြေးပြားအား အမွှေးနံ့သာများဖြင့်ပက်ဖြန်းခြင်းတို့ ဆောင်ရွက်ပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment