ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာနေပြည်သူများ အသက်အရွယ်အပိုင်းအခြားအလိုက် တက်ရောက်နိုင်မည့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာနေပြည်သူများ အသက်အရွယ်အပိုင်းအခြားအလိုက် တက်ရောက်နိုင်မည့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ



နေပြည်တော်၊ ဇန်နဝါရီလ ၉

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေး၊ ကွင်းဆင်းစာရင်းကောက်ယူမှုကြီးကြပ်ရေးအဖွဲ့များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ရေကြီးနစ်မြုပ်မှုနှင့်ပတ်သက်၍   ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာ ဥတ္တရခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေး၊ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ဧကများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ပေး ရန်လိုပါကြောင်း၊ သွင်းအားစုများ ဖြန့်ဖြူးပေးနိုင်ရေး၊ သဘာဝမြေဩဇာပြုလုပ်နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိန်ကိုက်အချိုးကျ သုံးစွဲနိုင်ရန် မြေပြင်ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ပြန်လည်စိုက်ပျိုးနိုင်မည့်လယ်မြေဧကများအား စာရင်းပြုစုထားရှိ၍ ရေပေးဝေနိုင်ရေး ဆောင်ရွက်ထားရှိရန်လိုပါကြောင်း၊ ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာနေပြည်သူများ အသက်အရွယ်အပိုင်းအခြားအလိုက် တက်ရောက်နိုင်မည့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ တက်ရောက်လာကြသည့်သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စိုက်ပျိုး၊မွေးမြူရေးနှင့် သဘာဝဘေးအလွန် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင်မှ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်မျိုးဝင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)