မုံရွာ၊ ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၉/၂၀၂၄) သို့တက်ရောက်မည့် သင်တန်းသားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းတွင်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့က အမှာစကားများ ပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်မည့် သင်တန်းသားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အသုံးအဆောင်ပစ္စည်းများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၉/၂၀၂၄)သို့ တက်ရောက်မည့် သင်တန်းသား ၁၅၉ ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသုံးအဆောင်ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ်- ၂၀၈၇၀၀၀၀ (သိန်းနှစ်ရာရှစ်သိန်းခုနှစ် သောင်းကျပ်) အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment