ဂန့်ဂေါ၊ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့မရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၄)ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီမှစတင်၍ ကွင်းဆင်းကုသ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်သာသနာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းဟိန်း၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ မြို့မရပ်ကွက်ရှိ မြို့မအရှေ့ကျောင်းတိုက်ရှိ ဆရာတော်သံဃာတော် (၂)ပါး၊ ဒက္ခိဏရာမတောင်ကုန်းကျောင်းတိုက်ရှိ ဆရာတော်သံဃာတော် (၂)ပါး၊ မြို့မတောကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် (၅)ပါး၊ အောင်တော်မူကျောင်းတိုက်ရှိ သံဃာတော်အရှင်သူမြတ် (၄)ပါး၊ စုစုပေါင်း ဆရာတော်၊ သံဃာတော် အရှင်သူမြတ် (၁၃)ပါးနှင့် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုးအဘွား (၂၂)ဦးတို့အား သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတိုး/ဆီးချိုရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကာ သွေးတိုး/ ဆီးချိုကျဆေး၊ နှာစေးချောင်းဆိုးပျောက်ဆေးနှင့် အားဆေးများကို အခမဲ့ဖြန့်ဝေပေး၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment