ညောင်ဦး၊ ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ သီရိပစ္စယာရပ်လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးအား ကြာခံ(၂)ဆင့်မှ ခရေသီးအထိ ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ဩဝါဒစရိယဆရာတော်များထံမှ ရွှေသင်္ကန်းကပ်လှူနိုင်ရေးနှင့်စပ်လျဉ်း၍ ဩဝါဒခံယူခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က လောကနန္ဒာစွယ်မြတ်စေတီအစည်းဝေးခန်းမတွင် ဆရာတော်အရှင်သူမြတ်များထံမှ ဩဝါဒခံယူ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ ဩဝါဒါစရိယဆရာတော်များထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် အဖွဲ့ဝင်များ၊ ရွှေသင်္ကန်းကပ်လှူရေး ဦးစီးကော်မတီနှင့် ဆပ်ကော် မတီဝင်များ၊ ဂေါပကအဖွဲ့ဝင်များက ဩဝါဒခံယူခဲ့ကြရာ ရွှေသင်္ကန်းကပ်လှူနိုင်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ တာဝန်ယူ၊တာဝန်ခံမှုဖြင့်ဆောင်ရွက်ရန်၊ စေတီတော်ကြီးအား လုပ်ငန်းများဆောင်ရွက်ရာ၌ ထိခိုက်မှုမရှိစေဘဲ ရှေးမူမပျက်ဆောင်ရွက်ကြရန် လမ်းညွှန်ခဲ့ပြီး လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးအား ကြာခံ(၂)ဆင့်မှ ခရေသီးအထိ ရွှေသင်္ကန်းကပ်လှူနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌအနေဖြင့် ရွှေသင်္ကန်းကပ်လှူဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား Time Frame ပါလုပ်ငန်းစဉ်များနှင့်အညီ မိုးလေကင်းလွတ်သည့် ကာလအတွင်း အရည်အသွေး ပြည့်မီစွာ အမြန်ပြီးစီးနိုင်ရေး ဆောင်ရွက်မည့် အစီအမံများအား တင်ပြလျှောက်ထားခဲ့ကြောင်း သိရသည်။
ဒီပါလင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment