မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား





မြောက်ဥက္ကလာပ၊ ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက (၂)ရပ်ကွက်နှင့် ရွှေပေါက္ကံရပ်ကွက်များ၌ မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားရာနေရာသို့ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီသတ်စခန်းမှူး ဦစီးအရာရှိ ဦးဇော်ရန်အောင်ဦးဆောင်မှုဖြင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဥ်များ၊ ရေသယ်ယာဥ်များဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုများဖြစ်ပွားခဲ့သည့် အကြောင်းအရင်းမှာ (၂)ရပ်ကွက်၊ ဇီဇဝါ(၁)လမ်း အမှတ်(၃၁၆) အကျယ်အဝန်း ၁၇ × ၅၀ပေ RC(၁)ခန်း (၅)ထပ်ရှိ စတုထ္တထပ်တွင် အိမ်ပိုင်ရှင်မှ LG အမျိုးအစား အဝတ်လျှော်စက်ဖိုက်ဘာအဖုံးပေါ်သို့ မီးပါသောဆေးလိပ်တိုတင်ထားခဲ့ရာမှ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရပြီး LG အဝတ်လျှော်စက်(၁)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် ရွှေပေါက်ကံ (၁၅)ရပ်ကွက်၊ စစ်ကိုင်းလမ်း အမှတ်(၇၇)ရှိ အကျယ်အဝန်း ၁၀×၅၀ ပေ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဥ်ခင်း(၅)ခန်းတွဲ အခန်းအမှတ်(၅) (၁၀)ပေပတ်လည်(၁)ခန်းတွင် အိမ်ငှားနေထိုင်သူမှ ခြင်ဆေးခွေမီးထွန်းထားခဲ့ရာ အနီးရှိဇာခြင်ထောင်သို့ မီးကူးစက်ရာမှ ၁၁ နာရီ ၅၆ မိနစ်အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၁၀ ပေပတ်လည် အဆောက်အအုံနှင့် အတွင်းပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးကိုပေါ့ဆစွာသုံးစွဲသူများကို သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


မြမြဝင်း 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)