ညောင်ဦး၊ ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ် ၏ တောင်ဘက် ၁၀မိုင်ခန့်အကွာ ဥယျာဉ်ကျေးရွာအနီး ချောက်- ညောင်ဦး သွားကားလမ်း ပေါ်ရှိ သဲချောင်းတွင် ၉-၁-၂၀၂၅ ရက်နေ့ ၁၂:၁၀ အချိန်ခန့်က အမျိုးသားတစ်ဦးကို အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမား ၄ ဦးခန့်မှ ဆိုင်ကယ်ဖြင့် ငါးခြောက်လှည့်လည်ရောင်းချသော အရပ်သားတစ်ဦးအား သတ်ဖြတ်သွားကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးကာ ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ ဦးအောင်မင်းလွင်၊၄၆နှစ်၊ ဈေးရောင်း၊ သာယာဝတီအလယ်ပိုင်းရပ်၊ အမှတ်(၁)ရပ်ကွက်၊ ညောင်ဦးမြို့နယ်နေသူသည် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဆိုင်ကယ်ဖြင့် လှည့်လည်၍ ငါးခြောက်ရောင်းချသူဖြစ်ပြီး ၉-၁-၂၀၂၅ ရက်နေ့ ၁၁:၂၅ အချိန်ခန့်တွင် ကြအိုကျေးရွာဘက်မှ ဥယျာဉ်ကျေးရွာဘက်သို့ ၎င်းပိုင်ဆိုင်ကယ်ဖြင့် ညောင်ဦး - ချောက် သွားကားလမ်းအတိုင်း မောင်းနှင်လာစဉ် ဥယျာဉ်ကျေးရွာအနီးရှိ သဲချောင်းသို့ အရောက်တွင် အသင့်စောင့်ဆိုင်းနေသော အကြမ်းဖက်သမား ၄ဦးခန့်မှ သေနတ် အတို/အရှည်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးအောင်မင်းလွင်တွင် နောက်စေ့ဖောက်ဝင် မျက်နှာ ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ရရှိသေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့မှာ ရွာသစ်ကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment