မိုက်ခရိုနားကြပ်သုံးပြီး စာခိုးချတာ ဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုက်ခရိုနားကြပ်သုံးပြီး စာခိုးချတာ ဖမ်းမိ


ဇန်နဝါရီ- ၁၃ ( တနင်္လာနေ့)

မွမ်ဘိုင်းရှိ အမျိုးသားတစ်ဦးက ဘောလီးဝုဒ်မင်းသား ဆန်ဂျေးဒပ် ပါဝင်သရုပ်ဆောင်ထားသော Munna Bhai MBBS ဇာတ်ကားမှ ရုပ်ရှင်ရိုက်ကွင်းတစ်ခုကို အတုယူရန် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်လိုက်ပါဘူး။ 

သူက  ဘောလိဝုဒ်ရုပ်ရှင် Munna Bhai MBBS မှ လူကြိုက်များသည့်မြင်ကွင်းဖြစ်တဲ့ 

 မင်းသား Sanjay Dutt ဆန်ဂျေးဒပ်လုပ်သလိုမျိုး  ဆေးဝင်ခွင့်စာမေးပွဲဖြေရန် ကြိုးမဲ့နားကြပ်ကို အသုံးပြုခဲ့တာပါ။ 

မွန်ဘိုင်းရဲတပ်ဖွဲ့တွင် ရဲချုပ်ကားယာဉ်မောင်း အလုပ်ကို လာလျှောက်တဲ့  အသက် ၂၂ နှစ်အရွယ် အမျိုးသားက ရုပ်ရှင်ထဲက ဇာတ်ကောင်လုပ်ခဲ့သည့်အတိုင်း ရေးဖြေစာမေးပွဲမှာ မိုက်ခရိုနားကြားကိရိယာကို အသုံးပြုရန် ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ သူရဲ့ လိမ်လည်မှုကို မွမ်ဘိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ NDTV က ဖော်ပြခဲ့ပါတယ်။

ကတ်ရှ်နာ ဒယ်ဗီ လို့အမည်ရတဲ့ အမျိုးသားဟာ မဟာရာရှတ်ထရာ ပြည်နယ် ဂျယ်နာခရိုင် ဘဟိုးကာဒန်မြို့ မှာ နေထိုင်ခဲ့ပါတယ်။

မွန်ဘိုင်းမြို့ အိုရှိဝါရာ ရှိ  ရိုင်ဂတ် စစ်ဘက်ဆိုင်ရာ စာမေးပွဲကို သောကြာနေ့တွင် ဖြေဆိုနေစဉ် မှာ  ရဲအရာရှိတွေက ၎င်းရဲ့ လုပ်ရပ်ကို သံသယဖြစ်ခဲ့ပါတယ်။ 

၎င်းအား စစ်ဆေးမေးမြန်းရာတွင် Kushnaကတ်ရှ်နာရဲ့ ဘယ်ဘက်နားတွင် အကြားအာရုံကိရိယာတစ်ခု တပ်ဆင်ထားကြောင်း ရဲအရာရှိများက သတိပြုမိခဲ့ပါတယ်။  ဆက်လက်ပြီး စုံစမ်းစစ်ဆေးရာတွင်၊ သူ့သူငယ်ချင်းများက  စက်မှတစ်ဆင့် မေးခွန်းများရဲ့ အဖြေများကို ပြောပြနေကြောင်း တွေ့ရှိခဲ့ရပါတယ်။

ကတ်ရှ်နာကို  ရှာဖွေရာတွင် အကြားအာရုံ ကိရိယာ၊ ဆဲလ်ဖုန်းနှင့် ဆင်းကတ်တစ်ကတ်တို့ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

မိုက်ခရိုနားကြပ်က အရွယ်အစား အလွန်သေးငယ်ပြီး နားထဲသို့ လုံးလုံးထည့်သွင်းထားလို့ရတဲ့အတွက် ပြင်ပမှ မမြင်နိုင်သလို ဖုန်းနှင့်ချိတ်ဆက်ရန် Bluetooth ကို အသုံးပြုခဲ့တာပါ။ စုံစမ်းမှုအပြီးမှာတော့ ကတ်ရှ်နာနဲ့ သူ့သူငယ်ချင်း ၂ ယောက်ကို အမှုဖွင့်ထားပါတယ်။ 


REF: News18  

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)