ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ



ရန်ကုန်၊ ဇန်ဝါရီ ၆

ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဗားကရာလမ်းထောင့်တွင် ဇန်နဝါရီလ၆ရက် ညနေ၄း၄၅နာရီအချိန်က အမျိုးသားတစ်ဦး သေနတ်ဖြင့်နဖူးကိုပစ်သတ်ခံရကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ကသွားရောက်စစ်ဆေးရာ ကမ်းနားလမ်းပေါ်ဗားကရာမီးပွိုင့်နှင့် ပေတစ်ရာအကွာ အလုံဘက်သွားသည့်အခြမ်းတွင် ကျောပိုးအိတ်နှင့် ဘေးလွယ်အိတ်အသေးလွယ်ထားသည့် အသက်၅၀နှစ်ခန့် အမျိုးသားကြီးတစ်ဦးသည် နဖူးတည့်တည့်ကျည်ထိဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရပြီး သေဆုံးသူ၏ဘေးလွယ်အိတ်အတွင်း ဦးအောင်စိန် အမည်ပါ AYAဘဏ်စာအုပ်တွေ့ရသဖြင့် သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် လူသတ်သမားကိုရှာဖွေနေကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)