ပဲခူး၊ ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ခေတ္တအုပ်ချုပ်ရေးမှူးဦးစောညီညီထွေး၊ တိုင်းစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးဦးမြင့်လွင်တို့ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်မိုးဦးနှင့်ဝန်ထမ်းများ၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီအဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပဲခူးမြို့မစျေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးသူ၊ ဈေးသားများအား ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများကို သိရှိပြီး လက်တွေ့လုပ်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက မတော်တဆမီးလောင်မှုကို ၎င်းတို့ကိုယ်တိုင် အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ရေးနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျှော့ချနိုင်ရေးအတွက် ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment