ဝေါ၊ ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ကျန်းမာရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်ကုသပေးမှုအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ပြုလုပ်ကြောင်း သိရသည်။
အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသီဟထွန်းနှင့်အဖွဲ့ဝင်များက ကျန်းမာရေးမကောင်း၍ ဆေးဝါးကုသပေးသောနိုင်ငံ့ဝန်ထမ်းများအား ကြည့်ရှုအားပေးကာ လိုအပ်သောဆေးဝါးများအား ကူညီထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာဇော်ဝင်းနိုင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့်ဖြစ်ပွားနေသည့်ရောဂါများအလိုက် စမ်းသပ်စစ်ဆေးပေးပြီးလိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို(အခမဲ့) စစ်ဆေးဆောင်ရွက်ကုသပေးကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment