ဆိုးလ်၊ ဇန်နဝါရီ ၇
မြောက်ကိုရီးယားက ဇန်နဝါရီ ၆ ရက်တွင် အသံထက်မြန်သော တာလတ်၊ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း KNCA သတင်းဌာနက ဇန်နဝါရီ ၇ ရက်တွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းက ဗီဒီယို စောင့်ကြည့်ထိန်းချုပ်ရေး စနစ်မှတစ်ဆင့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ကြည့်ရှုခဲ့ရာ ယခုအကြိမ် စမ်းသပ်ပစ်ခတ်မှုသည် ယင်း ပဲ့ထိန်းဒုံးကျည်စနစ်၏ လက်တွေ့ထိရောက်မှုကို အပြည့်အဝ သက်သေပြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းပဲ့ထိန်းဒုံးကျည်ကို မြောက်ကိုရီးယားက ပြုံယမ်းမြို့ ဆင်ခြေဖုံး ပစ်ခတ်ကွင်းမှတစ်ဆင့် အရှေ့မြောက်ဘက်သို့ ဦးတည်၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကင်ဂျုံအန်းက မြောက်ကိုရီးယား တီထွင်ထုတ်လုပ်သည့် အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည်သည် မဟာဗျူဟာဟန့်တားမှု၏ အချက်အချာအင်အား ဖြစ်ရာ နိုင်ငံ၏ နျူကလီးယားစစ်ပွဲ တားဆီးနိုင်စွမ်းကို စဉ်ဆက်မပြတ် အားဖြည့်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
Ref - (Xinhua)
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment