မုံရွာမြို့ရှိ အမှတ်(၂) အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာရေး စုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့ရှိ အမှတ်(၂) အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာရေး စုံညီပွဲတော် ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၂၄ ရက်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အမှတ်(၂)အခြေခံ ပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက  ဘင်ခရာ/ပန်းပွားအကဖြင့် တီးမှုတ်ကပြကြသည်။ ထို့နောက် တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား/ ကျောင်းသူများ၏ “ကြိုဆိုပါသည် စုံညီပွဲတော်”သီချင်းဖြင့် သီဆို ဖျော်ဖြေမှုအား ကြည့်ရှုအားပေးကာ ပညာရေးစုံညီပွဲတော်အတွက် ချီးမြှင့်ငွေများပေး အပ်သည်။

ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဘင်ခရာ/ပန်းပွားအဖွဲ့များ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင်သင်ကြား ပေးသည့် ဆရာ/ဆရာမ များ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာပေနှင့်ဖွံ့ဖြိုးရေး ထူးချွန်ဆုရရှိသူများ၊ အတန်းစဉ် ဆုရရှိ သူများ၊ လူရည်ချွန်ဆုရရှိသူများ၊ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ကျောင်းသား/ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ ကြကြောင်း သတင်းရရှိသည်။


#MNP #News #Education

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)