နေပြည်တော်၊ ဇန်နဝါရီ ၉
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီက အမှတ် ၃၉၂/၃၉၆ ကုန်သည်လမ်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အမှာစကားပြောကြားပြီး ကောင်စီဒုတိယဥက္ကဋ္ဌ (၁) နှင့် ဒုတိယဥက္ကဋ္ဌ (၂) တို့က လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ရှေ့လုပ်ငန်းစဉ်များကို ကောင်စီဝင်များအားလုံး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။
အစည်းအဝေးမစတင်မီ သက်ကြီးသတင်းစာ ပညာရှင်ကြီးများ ဂါရဝပြုချီးမြှင့်ခြင်း အစီအစဉ်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ပြန်ကြားရေးဝန်ကြီးဌာနက ငွေကျပ် ၂၄ သိန်း၊ ဦးကျော်ညွန့်ရည်- ဒေါ်ဝါဝါကျော်မိသားစုက ငွေကျပ် ၁၂ သိန်းနှင့် စွယ်စုံမီဒီယာ ဂရု(ပ်) ဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦးက ငွေကျပ် ၁၂ သိန်းကို ပေးအပ်လှူဒါန်းရာ သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံသည်။
သတင်းစာပညာရှင်ကြီးများအား ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကောင်စီဝင်များက အိမ်တိုင်ရာရောက် ဂါရဝပြုချီးမြှင့်ငွေများ ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment